Latest News

Friday, January 13, 2017

သိန်း(၈၀)လှူဒါန်းခဲ့တဲ့ သက်မွန်မြင့်

သိန်း(၈၀)လှူဒါန်းခဲ့တဲ့ သက်မွန်မြင့်

Thet Mon Myint Charity Group က လှူဒါန်းခဲ့ဖြစ်ပါတယ်။

သက်မွန်မြင့်ကတော့ ဒီနေ့(ဇန်နဝါရီ၁၃)ရက်နေ့မှာ အလှူတစ်ခုပြုလုပ်ပါတယ်။ အဲ့ဒါကတော့ thet Mon Myint Charity Group ကနေ ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ် ပန်းအော့သာသနာပြုဌာနကျောင်းဆောက်ရန်အတွက် ဘုန်းဘုန်း ဦးနန္ဒာသီရိအား သိန်း(၈၀)လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအလှူကလည်း (၇)ရက်သားသမီးများရဲ့ အလှူဖြစ်တဲ့အတွက် သာဓုခေါ်နိုင်အောင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြောပြထားပါတယ်။

"မင်းတပ်မြို့တွက် THET MON MYINT CHARITY GROUP မှ သိန်း ၈၀ လှုဒါန်းပါတယ်! ၇ ရက်သားသမီးရဲ့ အလှုပါပဲရှင်! နတ်လူသာဓုခေါ်စေသော်" လို့ ပြောပြထားပါတယ်။

သက်မွန်မြင့်ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ နားထားကာ မိသားစုကို အချိန်ပေးဖြစ်နေပြီး သားနဲ့သမီးကိုလည်း မိခင်ကောင်းပီသအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ ပရိသတ်တွေနဲ့လည်း အဆက်အသွယ်မပြတ်အောင် ဖေ့စ်ဘွတ်ကနေတစ်ဆင့် သူမရဲ့ လှုပ်ရှားမှုများကို ပရိသတ်တွေကို ပြောပြသလို ပရိသတ်တွေနဲ့လည်း Live ပြောတာမျိုး ပြုလုပ်ပေးနေပါတယ်။ သားနဲ့သမီးကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ရဲ့ မိသားစုဘဝလေးကတော့ ပရိသတ်တွေအတွက် အားကျစရာလည်း ဖြစ်ပါတယ်။
သက်မွန်မြင့် အကယ်ဒမီရခဲ့တဲ့ ဇာတ်ကား

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၄ခုနှစ်ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ အိမ်ထောင်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

Sources; Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်/Duwun

No comments:

Post a Comment