Latest News

Saturday, January 21, 2017

ပုဂံက ဘုရားဖူးပြန်လာတဲ့ယာဉ် တိမ်းမှောက်ပြီး လူရှစ်ဦးသေ

ပုဂံက ဘုရားဖူးပြန်လာတဲ့ယာဉ် တိမ်းမှောက်ပြီး လူရှစ်ဦးသေ

အလူမီနီယံတန်းတွေကို တိုက်မိပြီး ဆီတိုင်ကီပေါက်ကွဲ မီးထလောင်တာဖြစ်တယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း အမှတ် ၃ လမ်းဆုံအနီး မိုင်တိုင်အမှတ် ၄ နားမှာ ပုဂံက ဘုရားဖူးပြီးပြန်လာတဲ့ယာဉ်တစ်စီး တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ (ဇန်နဝါရီ ၂၁ ရက်) နေ့မနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တိမ်းမှောက်ခဲ့တဲ့ကားဟာ Hiace အမျိုးအစား အန်စာတုံးပုံအိမ်စီးကား ဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ကိုးဦးအနက် ရှစ်ဦးသေဆုံးခဲ့ပါတယ်။

The Voice သတင်းဌာနရဲ့ ဖော်ပြချက်အရ ယာဉ်ရဲ့ရှေ့ဘီးပေါက်ရာကနေ လမ်းဘေးကာရံထားတဲ့ အလူမီနီယံတန်းတွေကို တိုက်မိပြီး ဆီတိုင်ကီပေါက်ကွဲ မီးထလောင်တာဖြစ်တယ်လို့ ဘောနီအမြန်လမ်း မီးသတ်စခန်းမှူး ဦးငြိမ်းချမ်းက ပြောထားကြောင်း သိရပါတယ်။

ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားတစ်ဦးကတော့ သာမန်ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့ပြီး ကျန်တဲ့အမျိုးသား အမျိုးသမီး ရှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်းဦးဝင်းထွန်းဆိုသူက မောင်းနှင်လာတာဖြစ်ပြီး အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတွေနဲ့ ဘောနီမီးသတ်စခန်းတာဝန်ရှိသူတွေက ကားကို မီးငြိမ်းသတ်ခဲ့ကာ ပျက်စီးဆုံးရှုံးမှုအနေနဲ့ ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိပါတယ်။

လတ်တစ်လောမှာ သေဆုံးသူ အလောင်းပိုင်ရှင်တွေမရောက်လာသေးတဲ့အတွက် အမည်နဲ့ အသက်တွေ စုံစမ်းလို့မရသေးဘဲ မီးလောင်သေဆုံးတဲ့ အလောင်းတွေကို လှည်းကူးဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။

Photos & Source: The Voice, Kyaw Thu Sein,Duwun

No comments:

Post a Comment