Latest News

Friday, January 6, 2017

အစ္စရေးရဲ့ အခြေချနေထိုင်ရေးအိမ်ယာစီမံကိန်းတွေ ရပ်တန့်ဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ကန်-အောက်လွှတ်တော် ပစ်တင်ရှုံ့ချ။

အစ္စရေးရဲ့ အခြေချနေထိုင်ရေးအိမ်ယာစီမံကိန်းတွေ ရပ်တန့်ဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ကန်-အောက်လွှတ်တော် ပစ်တင်ရှုံ့ချ။

ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းခြေဒေသရှိ အစ္စရေးအခြေချအိမ်ယာစီမံကိန်းတွေကိုရပ်တန့်ဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့တဲ့အပေါ် အမေရိကန်အောက်လွှတ်တော်က ဇန်န၀ါရီလ-၅ ရက်နေ့က ပစ်တင်ရှုံ့ချလိုက်ပါတယ်။

အဲ့ဒိလိုပစ်တင်ရှုံ့ချဖို့ အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၄၂ မဲရရှိပြီး ကန့်ကွက်မဲ ၈၀ သာရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်လွှတ်တော်ဥက္ကဌ ပေါလ်-ရိုင်ယန်က “  ကျနော် စိတ်အနှောက်အယှက်ဖြစ်ပါတယ်။ ကျနော်တို့အစိုးရဟာ ကျနော်တို့ရဲ့ မိတ်ဆွေ အစ္စရေးက ကျနော်တို့ကို အလိုအပ်ဆုံးအချိန်မှာ သူ့ကို လျစ်လျူရှုခဲ့ပါတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က အခြေချအိမ်ယာစီမံကိန်းတွေအတွက် မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက်လည်း မဟုတ်ပါဘူး။ ဒါဟာ တစ်ခုတည်းသော အကြောင်အရာအတွက်ဖြစ်ပါတယ်၊ အဲဒါကတော့ အစ္စရေးဟာ ဒီမိုကရက်တစ် ဂျူးနိုင်ငံအဖြစ် ဆက်လက်တည်ရှိရပါမယ်။ ဒီလိုတစ်ဘက်သတ် ဆုံးဖြတ်တာဟာ အစ္စရေးကို အထီးကျန်ထားသလို ဖြစ်နေပါတယ်။ ဒါက အစ္စရေးကို ငြိမ်းချမ်းရေးဆက်မလုပ်နိုင်အောင် ပိုပြီး လေးလံသွားစေပါတယ်”လို့ ပြောကြားသွားပါတယ်။

 ဒီ့နောက်ဆက်ပြီး “ကုလသမဂ္ဂရဲ့ လွဲမှားတဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ရပါမယ်။ ပျက်ဆီးသွားတဲ့ အစ္စရေးနဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်ရပါမယ်။ အစ္စရေးနိုင်ငံလုံခြုံရေးအတွက် ပြန်ပြီး အာမခံပေးရပါမယ်”လို့ ပြောကြားသွားပါတယ်။

အစ္စရေးဟာ ပါလက်စတိုင်းနဲ့ နယ်မြေအငြင်းပွားနေတဲ့ ဂျေရုဆလင်နဲ့ အနောက်က်ကမ်းခြေဒေသတွေမှာ အခြေချအိမ်ယာစီမံကိန်းတွေကို တိုးချဲ့ဆောက်လုပ်နေပါတယ်။

ဒါကို ရပ်တန့်ဖို့ လုံခြုံရေးကောင်စီက ဒီဇင်ဘာလ-၂၃ ရက်နေ့က မဲခွဲဆုံးဖြတ်မှာ အမေရိကန်က ဗီတိုအာဏာမသုံးဘဲ ကြားနေခဲ့ပါတယ်။

ဒီ့အတွက် အစ္စရေးဝန်ကြီးချုပ် နတန်-ယာဟု အကြီးအကျယ်စိတ်ဆိုးပြီး နိုင်ငံခြားရေးဝန်ကြီး ဂျွန်-ကယ်ရီထံ တယ်လီဖုန်းဆက်ပြီး ကန့်ကွက်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

ဓါတ်ပုံ-အနောက်ဘက်ကမ်းခြေဒေသရှိ အစ္စရေး တိုးချဲ့အိမ်ယာစီမံကိန်းတစ်ခုကို မြင်တွေ့ရစဉ်။ ( ရိုက်တာ )

Sources;Aye Aye Mon DVB Journalist

No comments:

Post a Comment