Latest News

Monday, January 9, 2017

ကိုးလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရှိ

ကိုးလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရှိ


၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်အစ ဧပြီမှ ဒီဇင်ဘာအထိ ကိုး လအတွင်း ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်၍ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍများမှာ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍဖြစ်ပြီး ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ၊ စက်မှုကုန်ထုတ်လုပ် ငန်းတွင် ကန်ဒေါ်လာ သန်း ၈၀၀ ကျော်နှင့် စွမ်းအင်ကဏ္ဍတွင်ကန်ဒေါ်လာသန်း ၆၀၀ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ထို့အပြင် အိမ်ခြံမြေငှားရမ်း ခြင်းလုပ်ငန်းတွင် ဒေါ်လာ သန်း ၁၆၀ ကျော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းတွင် ဒေါ်လာ ၉၇ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတွင် ဒေါ်လာ ၈၆ သန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင်ဒေါ်လာ ၅၄ သန်းကျော် ရင်းနှီးမြှုပ်နှံထားသည်။

ကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ် နှံမှုကို  ခွင့်ပြုထားသော်လည်း လက်ရှိအချိန်အထိ ကဏ္ဍခုနစ်ခု၌သာ ရင်းနှီးမြှုပ်နှံမှုရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်မှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ၄၇ နိုင်ငံ ရှိပြီး တရုတ်၊ စင်ကာပူ၊ ဟောင် ကောင်နှင့် ထိုင်းနိုင်ငံတို့ကအများ ဆုံးရင်းနှီးမြှုပ်နှံကြသည်။

ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် ပြည် ပ နိုင်ငံများမှ ကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံရင်းနှီးမြှုပ်နှံခဲ့ သည်။



Sources; 7Day News Journal


No comments:

Post a Comment