Latest News

Monday, January 23, 2017

၆၆(ဃ)ရဲ့ သတိပေးချက်...

၆၆(ဃ)ရဲ့ သတိပေးချက်...

မကြာတော့မယ့် ရက်ပိုင်း အတွင်းမှာ ဒုတိယအကြိမ် ပြည်ထောင်စု၊ ပြည်သူနဲ့ အမျိုးသားလွှတ်တော်များရဲ့ စတုတ္ထပုံမှန်အစည်းအဝေးများ ကျင်းပတော့မှာဖြစ်ပါတယ်။ အတိအကျဆိုရရင်တော့ ဇန်နဝါရီ၃၀ ရက်နေ့မှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးအတွက် သတင်းစကားပါးဖို့လိုတဲ့ ကိစ္စရပ်တစ်ခုရှိနေပါတယ်။

အဲဒါကတော့ အများသိကြ တဲ့ ဆက်သွယ်ရေးဥပဒေထဲက နာမည်ကျော်ပုဒ်မဖြစ်တဲ့ ပုဒ်မ ၆၆(ဃ) အကြောင်းပဲ ဖြစ်ပါတယ်။ ဒီပုဒ်မနဲ့ပတ်သက်ပြီး လူ ထုကြားမှာ ပြောဆိုဝေဖန်ခဲ့တာ ရက်ပေါင်းများစွာ၊ လပေါင်းများ စွာ ကြာမြင့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ လွှတ် တော်တတိယပုံမှန်အစည်းအဝေး အတွင်းမှာ ထည့်သွင်းဆွေးနွေး သွားလိမ့်မယ်လို့ အများက ထင် မှတ်ထားကြပေမယ့် ထင်သလို မဖြစ်ခဲ့ပါဘူး။

ပုဒ်မ ၆၆(ဃ)နဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တစ်ယောက်မျှ မေးခွန်းမေးမြန်း ခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေ ကြမ်းတင်ခြင်း မရှိသေးဘူးဆိုတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်ရဲ့ ပြောကြားချက်နဲ့သာ တတိ ယပုံမှန်အစည်းအဝေးကို အဆုံး သတ်ခဲ့ပါတယ်။

 ‘‘လွှတ်တော်က ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေများဟာ ပြည်သူ လူထုအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း ရှိ၊ မရှိနဲ့ ပြည်သူလူထုက လိုက်နာစောင့် ထိန်းနိုင်ခြင်း ရှိ၊ မရှိတို့ကိုလည်း အလေးအနက်ထား စဉ်းစားကြရ မှာ ဖြစ်ပါတယ်။ ပြည်သူတွေ လိုက်နာနိုင်တဲ့ Law Abiding များဖြစ်မှသာ တရားဥပဒေစိုးမိုးရေး ရရှိနိုင်မှာ ဖြစ်ပါတယ်’’ဆိုပြီး တော့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးနောက်ဆုံးနေ့မှာ ပြောကြားခဲ့တဲ့ နှုတ်ခွန်းဆက်စကားထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အခု ပြည်သူလူထုကြား ပြင်း ပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဟာ ရှေ့အစိုးရလက်ထက် က ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ သို့ ပေမဲ့ ဥပဒေတစ်ခု ပြုရေး၊ ပြင်ရေး၊ပယ်ဖျက်ရေးဟာ လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ သို့အတွက် လက်ရှိအစိုးရလက်ထက် မှာ ဒီပုဒ်မရဲ့ အားနည်းချက်၊ အားသာချက်များကို သေချာလေ့လာ ဆန်းစစ်ပြီး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတွေကို ပြုသွားဖို့လိုနေပြီဆိုတာ ပြည်သူလူထုထံကလာတဲ့ အသံတွေကနေ ပြဆိုနေပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့စကားကို ကောက်ယူ ပြောရမယ်ဆိုရင်တော့ ဒီပုဒ်မ ဟာ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း ရှိ၊ မရှိ၊ ပြည်သူလူထုက လိုက်နာ စောင့်ထိန်းနိုင်ခြင်း ရှိ၊ မရှိကို လေ့ လာဆန်းစစ်သွားဖို့ လိုမှာဖြစ်ပါ တယ်။ ပြည်သူလူထု လိုက်နာနိုင် တဲ့ ဥပဒေတစ်ခု၊ ပုဒ်မတစ်ခုဖြစ် ဖို့ ပြင်ဆင်ပေးရမယ့် တာဝန်ဟာ လွှတ်တော်အပေါ်မှာ တည်မှီနေ ပါတယ်။

ပုဒ်မ ၆၆(ဃ)နဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ အများ ပြည်သူကြား ပျံ့နှံ့ထိုးဖောက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။ အဲဒါက တော့ ဂေးလ်အလှမယ် မျိုးကိုကို စန်း၊ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံ ရွှေရည်နဲ့ ရဲတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။

 လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုဖြစ် တဲ့ Cele Cele Small Page နဲ့ ပတ်သက်ပြီး ဖော်ထုတ်အရေးယူ ပေးဖို့ ရုပ်ရှင်သရုပ်ဆောင် ဝတ် မှုံရွှေရည်က အမှုဖွင့်တိုင်ကြား ချက်အရ ဇန်နဝါရီ ၁၇ ရက် ည ပိုင်းမှာ ထိုင်းနိုင်ငံကနေ ရန်ကုန် ကိုပြန်လာတဲ့ ဂေးလ်အလှမယ်မျိုး ကိုကိုစန်းကို သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ ဖမ်းဆီးခဲ့တယ်လို့ ဆဲဗင်းဒေးသတင်းစာမှာ ဖတ်လိုက်ရပါတယ်။

ဖမ်းဆီးခံရပြီး သုံးရက်အ ကြာ ဇန်နဝါရီ ၂၀ ရက်မှာတော့ ဂေးလ်အလှမယ်မျိုးကိုကိုစန်း ပြန် လည်လွတ်မြောက်လာခဲ့ပါတယ်။ CID က စစ်ဆေးရာမှာ Page Admin အဖြစ် တစ်စုံတစ်ရာ မထင်ရှားသောကြောင့် ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ သတင်းမှာ ဆိုထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပုဒ်မ၆၆(ဃ)အပေါ်မှာ မေးခွန်းထုတ် စရာများစွာ ထပ်မံပေါ်ထွက်လာခဲ့ ပါတယ်။ တရားဝင်မဟုတ်တဲ့ လူ မှုကွန်ရက်စာမျက်နှာတစ်ခု၊ လူ လုံးထွက်မပြနိုင်တဲ့ ဖေ့စ်ဘွတ်ခ် အကောင့်တစ်ခုနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်၊ သက်သေပြချက်မရှိဘဲ လူတစ်ဦးတစ် ယောက်ကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ စစ်မေးခြင်းတွေဟာ လူ့အ ခွင့်အရေးကို များစွာဘောင်ကျော် လာတာဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ကို ဦးတည်သွားနေပါတယ် ဆိုတဲ့ အစိုးရလက်ထက်မှာ သိပ် ကို အကျည်းတန်လွန်းတဲ့ လုပ်ရပ် တစ်ခုအဖြစ်လည်း ရှုမြင်ပါတယ်။

ဂေးလ်အလှမယ်မျိုးကိုကိုစန်း ဖမ်းဆီးထိန်းသိမ်းခံရခြင်းနဲ့ ပတ်သက်ပြီး မြန်မာ LGBT အခွင့် အရေးဆိုင်ရာကွန်ရက်နဲ့ မြန်မာ LGBT အသိုင်းအဝိုင်းနဲ့ တရား ဥပဒေစိုးမိုးရေးလိုလားသူများက လည်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

လက်ထိတ်ခတ်ခြင်း၊ မှတ် တမ်းဓာတ်ပုံရိုက်ခြင်း၊ အမျိုးသမီးအဖြစ်ခံယူကာ ဝတ်စားဆင်ယင် နေထိုင်မှုကို အသိအမှတ်ပြုခြင်း မရှိဘဲ အမျိုးသားအချုပ်ခန်းမှာ အခြားသော အမျိုးသားများနဲ့အ တူ ရောနှောထားရှိခြင်းတို့ခံရ ကြောင်း၊ အဲဒီလို အများပြည်သူ ဆိုင်ရာနေရာမှာ အကြောင်းပြ ချက် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ ထိန်းသိမ်းခံရခြင်း၊ အချုပ် ဖြင့်ရှိနေစဉ် စုံစမ်းမေးမြန်းခံရ ခြင်း၊ ရမန်ရက်များစွာ အပေးခံရ ခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုရှိ ရမည့် လူမှုကွန်ရက်များ (Face- book, Gmail Account)ကို ရှာဖွေခံရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသကဲ့သို့ ခံစားနေရကြောင်း ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာပဲ ပုဒ်မ၆၆(ဃ)နဲ့ပတ်သက်ပြီး ‘‘မိမိတို့ အနေဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)သည် ခိုင်လုံသည့်အ ကြောင်းပြချက်တစ်စုံတစ်ရာ တင်ပြရန်မလိုအပ်ဘဲ လူတစ်ဦးကိုဖြစ် စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ် စေ အလွယ်တကူ စွပ်စွဲအမှုဖွင့် တိုင်ကြားနိုင်သည့် ဥပဒေဖြစ်နေ သည့်အတွက် အများပြည်သူအား ခြိမ်းခြောက်နေသော ဥပဒေပုဒ်မ အဖြစ်သာ တည်ရှိပြီး အများပြည် သူအား တရားဥပဒေနှင့်အညီ ကာကွယ်ပေးမှု တစ်စုံတစ်ရာမရှိ ကြောင်းကိုလည်း မြင်သာစေ သည်ဟု သုံးသပ်သည်။ ထို့ကြောင့်နိုင်ငံတော်အစိုးရ၊ ဥပဒေပြုအဖွဲ့ အစည်းများ၊ တရားစွဲအဖွဲ့အစည်းများ၊ တရားရေးဝန်ထမ်းများ၊ ရဲ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ ဝင်များအနေဖြင့် ယင်းဥပဒေပုဒ်မ ကို ပြောင်းလဲပြင်ဆင်ပယ်ဖျက်မှု များ ဆောင်ရွက်ကြရန်နှင့် မြန်မာ နိုင်ငံအတွင်းရှိ နိုင်ငံသူ၊ နိုင်ငံသား များအား မတရားသောဥပဒေကို အသုံးပြုပြီး လူ့ဂုဏ်သိက္ခာနှင့် လူ့ အခွင့်အရေးများ ချိုးဖောက်ခြင်း မခံရစေရန်အတွက် အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ အခွင့် အရေးနှင့် တရားစီရင်ရေးဆိုင်ရာ အခွင့်အရေးများကို လေးစား လိုက်နာသော တရားစီရင်ရေးများဖြစ်လာစေရန်နှင့် တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးပါရန်တို့ကို တောင်းဆိုအပ်ပါသည်’’ဆိုပြီးဖော်ပြထားပါတယ်။

 ဒီပုဒ်မ ၆၆ (ဃ) ဟာ ဘယ် လောက်အထိ ဆိုးကျိုးသက် ရောက်စေသလဲဆိုတာ အခုဂေးလ် အလှမယ်မျိုးကိုကိုစန်း အဖြစ်က သက်သေတည်နေပါတယ်။ နောင်သောအခါများမှာကော ဒီလို တိုင်ချက်ရှိလာရင် ဒီလိုအရေးယူမှုတွေကို ဆက်ပြီးဖော်ဆောင် နေဦးမှာလားလို့လည်း အမေးရှိချင်ပါတယ်။ ဒီအမေးအတွက် အဖြေကိုတော့ ဥပဒေပြုရေးအ ပိုင်းမှာ အဓိကတာဝန်ရှိတဲ့ လွှတ်တော်ကသာ တာဝန်ယူဖြေကြား ပေးရမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ပတ်သက်ပြီး လွှတ် တော်ကိုယ်စားလှယ်တွေ မေး မြန်း၊ တင်သွင်းတာမရှိသေးဘူးလို့ ဦးဝင်းမြင့်က ပြောဆိုခဲ့ပြီး ခုနစ် ရက်အကြာ ဒီဇင်ဘာ ၂၈ ရက်မှာ တော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ရေးဆွဲထား တဲ့ ဥပဒေကြမ်းကို ပညာရှင်များနဲ့ တိုင်ပင်ပြီး ပြည်ထောင်စုလွှတ် တော်ကို တင်ပြထားတယ်ဆိုတဲ့ သတင်းစကားကို ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည် တော်မှာ သတင်းမီဒီယာကောင်စီ နဲ့ တွေ့ဆုံချိန်ပြောဆိုလိုက်ပါ တယ်။

ဒီကနေ့ကာလ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)ကတော့ ပြည်သူ့အကျိုးစီးပွား၊ လူ့အခွင့်အ ရေး၊ လူ့ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီ စံနှုန်းတွေအပေါ် သတိပေးချက် များစွာကို ထုတ်ဆင့်လျက်ရှိနေပါ တယ်။ တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ချက်ပြီးတစ်ချက် တိုး၍တိုး၍သာ လာနေပါတယ်။

‘‘ပြည်သူ့အသံ လွှတ်တော်အသံ၊

ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊

ပြည်သူတို့ မျှော်လင့်ချက်၊

လွှတ်တော်က ဖော်ဆောင်ရွက်’’

ဆိုတဲ့ ဆောင်ပုဒ်စာသားတွေရှိတဲ့ လွှတ်တော်အဆောက်အအုံထဲ မှာ လွှတ်တော်အစည်းအဝေးများ လည်း မကြာမီ ပြန်လည်စတင်ပါ တော့မယ်။ အဲဒီအစည်းအဝေးမှာ ပြည်သူလူထုကြား ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ပုဒ်မ ၆၆(ဃ)အ ရေး ဘယ်လိုတွေ စီမံဆောင်ရွက် သွားမလဲဆိုတာ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်သွားကြရ ပါဦးမယ်။

Sources: 7Day News Journal

No comments:

Post a Comment