Latest News

Wednesday, January 4, 2017

လှည်းယာဉ်နဲ့ မြန်မာဆန်ဆန် ဘွဲ့လာယူတဲ့ တက္ကသိုလ်ကျောင်းသူ

လှည်းယာဉ်နဲ့ မြန်မာဆန်ဆန် ဘွဲ့လာယူတဲ့ တက္ကသိုလ်ကျောင်းသူ

မုံရွာတက္ကသိုလ် သမိုင်းတစ်လျောက်မှာ ပထမဆုံးဖြစ်ခဲ့တာပါ။
     
မုံရွာတက္ကသိုလ်မှာကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မြန်မာဆန်ဆန် လှည်းယာဉ်နဲ့ တက်ရောက်ခဲ့တဲ့ ကျောင်းသူတစ်ဦး ရှိခဲ့ပါတယ်။

မြန်မာဆန်ဆန် လှည်းယာဉ်နဲ့ ဘွဲ့လာယူတဲ့ကျောင်းသူက ရုက္ခဗေဒဘွဲ့ရ မအိမွန်ကျော်ဆိုသူဖြစ်ပြီး မုံရွာမြို့ရဲ့ကျက်သရေဆောင် ဗောဓိတစ်ထောင်ဘုရားနားက အောင်သာကျေးရွာမှာ နေထိုင်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဒီလို လှည်းယာဉ်နဲ့ ဘွဲ့လာယူတာက မုံရွာတက္ကသိုလ်သမိုင်းတစ်လျောက်မှာ ပထမဆုံးဖြစ်သလို မြန်မာပြည်ထဲက တက္ကသိုလ်တွေမှာလည်း ပထမဆုံးဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။

ဒီနေ့မနက်ပိုင်း(ဇန်န၀ါရီလ ၅ ရက်)မှာ ပြုလုပ်ခဲ့တဲ့ ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်တဲ့အခမ်းအနားကို လှည်းယာဉ်နဲ့တက်ရောက်ဖို့ တက္ကသိုလ် တာဝန်ရှိသူတွေဆီကို ကြိုတင်ခွင့်ပြုချက်တောင်းခံခဲ့ရာမှာ မုံရွာတက္ကသိုလ်ကလည်း ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

လှည်းယာဉ်နဲ့ ဘွဲ့လာယူတဲ့ မအိမွန်ကျော်ရဲ့ မိဘဖြစ်သူတွေက လှည်းယာဉ်ဌားရမ်းတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တာကြောင့် ကိုယ်ပိုင်လှည်းယာဉ်နဲ့ ဘွဲ့အခမ်းအနားကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Source : Monywa Gazette:Duwun

Photos : Myo Min Facebook

No comments:

Post a Comment