Latest News

Friday, December 16, 2016

KIA နဲ့ တပ်မတော် တိုက်ပွဲဖြစ်

KIA နဲ့ တပ်မတော် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ အမာခံစခန်းဖြစ်တဲ့  ဂီဒွန်တောင်ကုန်းကို တပ်မတော်က သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်နေတာနဲ့ ပတ်သက်ပြီး အတိပြုလို့မရနိုင်သေးကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ က RFA ကို ဒီကနေ့ ညနေပိုင်းက ပြောပါတယ်။

နောက်ဆုံးရရှိထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး နော်လီ က အခုလိုပြောပါတယ်။

ဒီကနေ့မှာ KIO ဋ္ဌာနချုပ် လိုင်ဇာအနီးက တပ်ရင်း ၂၅၂ စခန်းအခြေစိုက်တဲ့ လိုင်ဖောင်းစခန်းနဲ့ ဂီဒွန်တောင်ကုန်းတဝိုက်အပြင် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄ နယ်မြေတချို့မှာလည်း အစိုးရတပ်မတော်က လေကြောင်းနဲ့ စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်လီ က ပြောပါတယ်။

အဲဒီ တိက်ခိုက်မှုတွေကြောင့် အင်ဂျန်းယန်မြို့နယ် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄ နယ်မြေမှာ ရွာသားတစ်ချို့ ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့စာရင်း အတိအကျကိုတော့ မသိရသေးဘူးလိုU KIA ဘက်ကပြောပါတယ်။

KIA အခြေစိုက်နယ်မြေတချို့မှာ တပ်မတော်က စစ်ဆင်မှုတွေ ပြုလုပ်ခဲ့တာမှန်ကန်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

Photo: Kyaw Myo Min/RFA

( ကင်းလှည့်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ် )

No comments:

Post a Comment