Latest News

Monday, December 26, 2016

အသေးစားပျက်စီးခဲ့သည့် ပုဂံဘုရားများ တစ်ဆူချင်းပြုပြင်ရန် အလှူရှင် ၁၀၀ ကျော် စာရင်းပေးထား



အသေးစားပျက်စီးခဲ့သည့် ပုဂံဘုရားများ တစ်ဆူချင်းပြုပြင်ရန် အလှူရှင် ၁၀၀ ကျော် စာရင်းပေးထား


ငလျင်ဒဏ်ကြောင့်ပျက် စီးသွားသော ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုးများအနက် သာမန်အ သေးစားပျက်စီးမှုများရှိသည့် စေတီပုထိုးများကို တစ် ဆူချင်း အလိုက် ပြုပြင်လှူဒါန်းရန် ပြင်ပ အလှူရှင် ၁၀၀ ကျော်က စာရင်း ပေးသွင်းထားကြောင်း ပုဂံရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်အောင်ကျော်က ပြော ကြားသည်။

‘‘အကြီးစားပြင်ဖို့ဟာတွေ လည်း ပြင်ဖို့ရာ လုပ်နေတယ်။ အသေးစားပြင်ဖို့တွေလည်း လုပ်နေပါတယ်။ အလှူရှင်တွေကို ပြုပြင်ခွင့်ပေးမယ်ဆိုတဲ့ဟာတွေ လည်း စာရင်း လက်ခံထားတာ တွေလည်း စာရင်းတွေစုနေတယ်။ ရန်ကုန်မှာ စာရင်းပေးထားတာ ရှိတယ်။ ပုဂံရယ်၊ နေပြည်တော် ရယ်၊ မန္တလေးရယ်မှာလည်း စာရင်းပေးထားတာရှိတယ်။ စာရင်းတွေ ပြန်စစ်နေတာပေါ့။ တချို့တွေကလည်း တစ်ဦးတည်းကနေ ပုဂံကိုလည်း လှမ်းဆက်ပြော ထားလိုက်၊ မသေချာမှာစိုးလို့ ရန်ကုန်ကိုလည်း လှမ်းဆက်ပြော ထားလိုက်တာတွေရှိတယ်။ အခုလောလောဆယ်မှာဆိုရင် ၁၀၀ ကျော်လောက်ရှိနေပြီ’’ ဟု ဦးအောင်အောင်ကျော်က ပြောသည်။

Source: 7 Day


No comments:

Post a Comment