Latest News

Monday, December 26, 2016

အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၃၃)ကားထိ ရှိနေ

အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၃၃)ကားထိ ရှိနေ

၂၀၁၆ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားပေါင်း (၃၃)ကားရှိနေတယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကား (၃၃)ကားမှာ အချို့ဇာတ်ကားများကို အကယ်ဒမီ စာရင်းဝင်အောင် မြို့နယ်အချို့တွင် ပြသခြင်းများ ပြုလုပ်ခဲ့သလို အချို့ဇာတ်ကားများကိုတော့ ရန်ကုန်မြို့တွင် ရက်အပိုင်းအခြားဖြင့်သာ ရုံတင်ပြသခဲ့ပါတယ်။

အကယ်ဒီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများမှာ အနူးဗစ်၊ စားတယ်၊ ချစ် လှစွာသောအမုန်း၊ အချစ်စစ်၊ ပြန်ခေါ်သက်သေ၊ ဖေ့စ်ဘုတ်ရွာ၊ ခိုးဆိုးလုနှိုက်၊ ရုံးပတီသီးလေးများ၊ မနောမြေမှ ကျောက်စိမ်း ကမ္ဘာ၊ အီဖေကိုယ်တို့ရွေးကောက် ပွဲ၊ မအေးပွင့်မြင့်မြင့်စန်းလမ်းသုံး ဆယ်၊ ကျွန်တော်ကျွန်မယောက်ျား ဗိုက်ကြီးသည်၊ အုတ်ကြားမြက် ပေါက်၊ ရပ်ကွက် ဘုရင်မ (၁)၊ မှော်ကျောက်စာ၊ ရိုက်လိုက်ပါဦး ဒုန်းဒုန်းဒုန်း၊ ကာလာစုံလက်ဆင်၊ လူးရတနာသိုက်၊ အေဒင်ရဲ့နတ် သမီး၊ ဘောစိ၊ သင်္ကြန်ပြတိုက်၊ ရပ်ကွက်ဘုရင်မ(၂)၊ ဘန်ကောက်မှ မန္တလေးသို့၊ ရွှေဒင်္ဂါးကို ထွေခင်းကစားမယ်၊ နှစ်ယောက် တစ်ဘဝ၊ ဘွန္တော ကြက်သူခိုး၊ ငဘ၊ မင်းလည်းဘိုကေ ငါလည်း ဘိုကေ၊ ပဲခူးဆားနှင့် သူ၏ဗိုင်းရပ်စ်များ၊ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ၊ မေထုန်ရာသီဖွား၊ နှင်းဆီပန်သူ၊ မယုံရင်ပုံပြင်မှတ်တို့ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၃၃)ကားမှာ မင်းသားများအနက် လူမင်းနဲ့ နေတိုးက ဇာတ်ကားငါး ကားစီဖြင့် အများဆုံးပါဝင်ထားပြီး မင်းသမီးများထဲမှာတော့ ရွှေမှုံရတီက ငါးကားပါဝင်ကာ ခိုင်သင်းကြည်၊ သက်မွန်မြင့်နဲ့  အေးမြတ်သူတို့ကလေးကားစီ ပါဝင်လျက်ရှိတယ်လို့ သိရပါတယ်။

Source : 7day Daily

No comments:

Post a Comment