Latest News

Saturday, December 10, 2016

ကျုံပျော်မြို့နယ်တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်ရန်ကြံစည်သူ ဖမ်းဆီးရမိ

ကျုံပျော်မြို့နယ်တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်ရန်ကြံစည်သူ ဖမ်းဆီးရမိ
••••••••••••••••••••••••••••••••••••••••••••••••••••••••

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊မိုးကြိုးပစ်ကျေးရွာမှာဒီဇင်ဘာ(၇)ရက်ကအသက်(၁၀)နှစ်အရွယ်မိန်းကလေးငယ်ကိုသားမယားအဖြစ်ပြုကျင့်ဖို့်ကြံစည်အားထုတ်သူကိုကျုံပျော်မြို့မရဲစခန်းကဖမ်းဆီးအရေးယူထားပါတယ်။ဒီဇင်ဘာ(၇)ရက်ည(၇)နာရီကကျုံပျော်မြို့နယ်၊လယ်တီစကျေးရွာနေသမီးဖြစ်သူ(၁၀)နှစ်(၄)လအရွယ်ရှိဒုတိယတန်းကျောင်းသူကိုတစ်ရွာတည်းနေဦးချိုသက်(၂၈)နှစ်က သားမယား အဖြစ်ပြုကျင့်ဖို့ကြံစည်အားထုတ်ခဲ့
တာဖြစ်ပါတယ်။
..
သမီးဖြစ်သူဟာတစ်ရွာတည်းနေအဖွားဖြစ်သူနေအိမ်မှညနေ(၄)နာရီခန့်မှာမိဘတွေရဲ့နေအိမ်ကိုပြန်လာခဲ့ရာနေအိမ်ရှေ့မှာတစ်ရွာတည်းနေဦးချိုသက်ကသမီးဖြစ်သူကိုနေအိမ်ထဲမှာဓါတ်မီးကျန်ခဲ့ကြောင်းပြောပြီးအိမ်ထဲကိုလိုက်လာကြောင်း၊သမီးဖြစ်သူကနေအိမ်အိပ်ခန်းအတွင်းဓါတ်မီးလိုက်လံရှာပေးနေစဉ်ဦးချိုသက်ကပါးစပ်ကိုပိတ်ကာသားမယားအဖြစ်ပြုကျင့်ဖို့်ကြံစည်ကြောင်းတရားလိုမိခင်ဖြစ်သူကရဲတပ်ဖွဲ့တာဝန်ရှိသူတွေကိုပြောကြားခဲ့ပါတယ်၊၊
..
အဲဒီအချိန်မှာအပြင်ကပြန်လာတဲ့မိသားစုဝင်တစ်ဦးနဲ့အဖော်တစ်ဦးတို့ကတွေ့ရှိသွားတာကြောင့်ဦးချိုသက်ဟာနေအိမ်နောက်ဘက်ကနေထွက်ပြေးသွားခဲ့တာကြောင့်ကျေးရွာအုပ်ချုပ်ရေးမှူးထံသွားရောက်အကြောင်းကြားခဲ့ပြီးဦးချိုသက်ကိုအရေးယူပေးဖို့ကျုံပျော်မြို့မရဲစခန်းကိုတိုင်တန်းလို့ရဲစခန်းကကျုံပျော်(ပ)၁၆၈/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ၃၇၆/၅၁၀နဲ့အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒီသတင်းကိုမင်းဇော်ဦး (ရေကြည်)ကပေးပို့တာဖြစ်ပါတယ်။
..
Source : CNB & Jet Tin

No comments:

Post a Comment