Latest News

Thursday, December 22, 2016

အာရှခေါင်းဆောင်မှုကွန်ဖရင့်အား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်

အာရှခေါင်းဆောင်မှုကွန်ဖရင့်အား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်



အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ထိန်းဘရစ်ခ်ျအခြေစိုက် The centre for Asia Leadership Intiatives နှင့် ပူးပေါင်း၍ AIESEC Myanmar မှ ၂၀၁၇ အာရှခေါင်းဆောင်မှုကွန်ဖရင့်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါသည်။

အာရှခေါင်းဆောင်မှုကွန်ဖရင့်ကို အာရှနိုင်ငံများနှင့် အခြားနိုင်ငံများတွင် နှစ်စဉ်ကျင်းပနေဆဲဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများတွင် ၂၀၁၆ ဒီဇင်ဘာလကုန်မှ ၂၀၁၇ ဇန်န၀ါရီလအထိ ဆက်တိုက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အတုယူဖွယ်၊ လိုက်နာဖွယ်တွေ၊ စည်းကမ်းတွေ၊ နည်းလမ်းတွေ များစွာလိုအပ် နေသေးတယ်။ အမေရိကန် ဟားဗတ်တက္ကသိုလ်က ပညာရှင်ကြီးတွေနဲ့ အခြားတက္ကသိုလ်က ပညာရှင်ကြီး တွေပါ လာရောက်ဟောပြောသွားမှာပါ။ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေရော၊ ကျောင်းသားဟောင်း တွေရော ကိုယ်ပိုင်အထက်တန်းကျောင်းတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်”ဟု ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုအောင်ပိုင်ဖြိုးက ပြောသည်။

အဆိုပါပွဲအား ဒီဇင်ဘာ ၃၀ ရက်နေ့တွင် နံနက် ၈ နာရီမှ ၁၂ နာရီအထိ Strategy First Institute ၌ ကျင်းပ မည်ဖြစ်ပြီး “Asia Leadership Trek 2017-Myanmar” Facebook တွင် စာရင်းပေးသွင်းနိုင်ပြီး ပုံမှန်ဝင်ကြေး ၁၅၀၀၀ ကျပ်နှင့် စာရင်းမသွင်းထားပါက ၁၇၀၀၀ ကျပ်ဖြစ်ပြီး အစီအစဉ်အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချ မည်ဖြစ်သောကြောင့် တက်ရောက်သူများအနေဖြင့် အနည်းဆုံး အင်္ဂလိပ်စာဘာသာစကားနားလည်၍ လိုအပ် ကြောင်း သိရသည်။

Sources ; ကျော်ကျော် NewsWatch

No comments:

Post a Comment