Latest News

Thursday, December 22, 2016

မိန်းကလေးတွေအတွက် ရည်းစားရှိဖို့မလို စာအုပ်ရှိဖို့ပဲလိုတယ်

မိန်းကလေးတွေအတွက် ရည်းစားရှိဖို့မလို စာအုပ်ရှိဖို့ပဲလိုတယ်

စာအုပ်စင်ပေါ်မှာ စာအုပ်တွေ အပြည့်ရှိနေရင် ရည်းစားမလိုပါဘူး။
     
တစ်သက်တာ အဖော်အဖြစ် ယောက်ျားတစ်ယောက် ရဖို့ အရေးကြီးတယ်ဆိုတဲ့ အတွေးကို မေ့ထားလိုက်ပါ။ စာအုပ်ကောင်းတွေရှိဖို့သာ လိုပါတယ်။

ရည်းစားထက် စာအုပ်က ပိုကောင်းတယ် ဆိုတာ အောက်ပါအချက်တွေက သက်သေပြပါလိမ့်မယ်။

၁။ မလိမ်တတ်ဘူး

စာရေးဆရာအများစုက အချက်အလက်အစုံပေးပါတယ်။ အရေးကြီးတဲ့အချက်တွေကို ချန်ထားပြီး မပြောတတ်ပါဘူး။ ယောက်ျားတစ်ယောက်ကတော့ အဲဒီလိုလုပ်ဖို့ တော်တော်ခက်ပါတယ်။

၂။ သင့်ကို နှစ်သိမ့်ပေးနိုင်တယ်

သင်ကြိုက်တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေက သင့်ရဲ့ စိတ်ခံစားချက်ကို နားလည်တယ်။ သင့်ရဲ့ဝေဒနာကို ပြေပျောက်စေဖို့ ကူညီပေးနိုင်တယ်။ တချို့ယောက်ျားတွေကတော့ သင့်မျက်ဝန်းအိမ်ထဲက မျက်ရည်တစ်စက်ကျတာနဲ့ ဝေးဝေးပြေးတတ်ကြတယ် မဟုတ်လား။

၃။ မပြောင်းလဲတတ်ဘူး

ယောက်ျားအများစုက ရည်းစားသက်တမ်းကြာတာနဲ့ ပြောင်းလဲတတ်ကြတာပါပဲ။ စာအုပ်တွေကတော့ ဘယ်အချိန်ထဖတ်ဖတ် ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။

၎။ ခံစားချက်တွေပေးနိုင်တယ်။

သင့်ကိုယ်သင် လှတယ်၊ ချစ်ခြင်းမေတ္တာတွေရနေတယ်၊ ဘဝကြီးက သာယာတယ် ဆိုတဲ့ ခံစားချက်တွေ တကယ်ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ကို ရှာဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ စာအုပ်အများစုကတော့ သင်ဘယ်တုန်းကမှ မခံစားဖူးတဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်ပါတယ်။

၅။ သင်သွားရာနောက် လိုက်နိုင်တယ်

သင့်စာအုပ်ကို ဘယ်နေရာမဆို ခေါ်သွားလို့ရတယ် မဟုတ်ဘူးလား။ အလှပြင်ဆိုင်သွားသွား၊ ရှော့ပင်ပဲထွက်ထွက် မလိုက်ချင်ဘူးဆိုပြီး ဂျစ်တိုက်မှာမှ မဟုတ်တာ။

၆။ ရင်ဖိုလှိုက်မောမှု ပေးနိုင်တယ်

အချစ်ဝတ္ထုကောင်းကောင်းတွေ ဖတ်ဖူးပါသလား။ စာမျက်နှာ တစ်မျက်နှာတည်းနဲ့တင် သင်ကြားဖူးတဲ့ စိတ်လှုပ်ရှားဖွယ် စကားလုံးတွေထက်ပိုပြီး ရင်ဖိုလှိုက်မောမှုကို ပေးနိုင်ပါတယ်။

၇။ ရသမျိုးစုံ ပေးနိုင်တယ်

စာအုပ်တွေက ကွဲပြားတဲ့ ခံစားချက်မျိုးစုံပေးနိုင်ပါတယ်။ ဒီနေ့မှာ သည်းထိပ်ရင်ဖိုဖတ်ပြီး နောက်နေ့မှာ အချစ်ဝတ္ထုဖတ်နိုင်ပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ ပုံစံက ဒီနေ့လည်းဒါ၊ နောက်နေ့လည်း ဒါပါပဲ။

၈။ နေရာမျိုးစုံ ခေါ်သွားနိုင်တယ်

သင့်ကို အီဖယ်မျှော်စင်ကြီးတို့၊ မိုနာလီဇာပန်းချီကားတို့ကို ပြဖို့ ကမ္ဘာတစ်ပတ်ခေါ်သွားချင်စိတ်ရှိတဲ့ ယောက်ျားမျိုးဆိုတာ အတော်ရှားပါလိမ့်မယ်။ စာအုပ်တစ်အုပ်ကတော့ သင်သွားချင်တဲ့နေရာကို လိုက်ပို့ပေးနိုင်ပါတယ်။ လေယာဉ်လက်မှတ်ဖိုးတောင် မကုန်ပါဘူး။

၉။ ကိုယ်နှစ်သက်တဲ့ခံစားချက်ကို နောက်တစ်ကြိမ် ပြန်ပေးနိုင်တယ်။

ယောက်ျားတစ်ယောက်နဲ့ ပျော်ရွှင်ခဲ့တဲ့အချိန်ကို နောက်တစ်ကြိမ် ပြန်ရနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စာအုပ်တစ်အုပ်ကို နှစ်ခြိုက်ရင် အစအဆုံး အကြိမ်ကြိမ်ဖတ်လို့ရတယ်လေ။

၁၀။ ရှာဖို့ မခက်ဘူး

စိတ်ဝင်စားစရာ စာအုပ်သစ်တွေက နေ့တိုင်း ထွက်နေပါတယ်။ စာအုပ်တွေက ရှာရလွယ်ပါတယ်။ ယောက်ျားကောင်းကိုတော့ ရှာတွေ့ဖို့ဆိုတာ အတော်လေးမလွယ်တဲ့ကိစ္စမဟုတ်လား။

Source : The Bolde & Duwun

No comments:

Post a Comment