Latest News

Thursday, December 22, 2016

အင်္ဂလန်ရှိ University of Sheffield မှချီးမြှင့်သည့် ၄၀ % MBA ပညာသင်ဆု ရရှိခဲ့သော ကိုကျော်စံထူး၏ ကြိုးစား အားထုတ်ခဲ့




အင်္ဂလန်ရှိ University of Sheffield မှချီးမြှင့်သည့် ၄၀ % MBA ပညာသင်ဆု ရရှိခဲ့သော ကိုကျော်စံထူး၏ ကြိုးစား အားထုတ်ခဲ့


အင်္ဂလန်မှာ ပညာသင်ကြားဖို့ စိတ်ပါဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အင်္ဂလန်ရဲ့ ထိပ်တန်း တက္ကသိုလ်တွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ University of Sheffield ကနေ ချီးမြှင့်တဲ့ ပညာသင်ဆုကို ရရှိခဲ့သူ ကိုကျော်စံထူးရဲ့ ကြိုးစားအားထုတ်ခဲ့ရပုံတွေကို ပြန်လည် မျှဝေပေးပါရစေ။

University Of Sheffield ဟာဆိုရင် အင်္ဂလန်ရဲ့ အဆင့် သတ်မှတ်ချက် အမြင့်ဆုံး တက္ကသိုလ်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပြီး Engineering ၊ Architecture ၊ Business ၊ Law ၊ Social Science ၊ Life Science ၊ Medicine စတဲ့ ဘာသာရပ်တွေကို ဘွဲ့ကြို နဲ့ ဘွဲ့လွန် ဘာသာရပ်များအဖြစ် လေ့လာ သင်ယူနိုင်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာက ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ဆုတွေ ပေးအပ်လျက်ရှိပြီး မြို့အနေအထားအရ ဆက်သွယ်သွားလာရ လွယ်ကူတဲ့နေရာမှာလည်း တည်ရှိတာကြောင့် နိုင်ငံတကာ ကျောင်းသား ကျောင်းသူတွေအတွက် အထူး သင့်လျော်တဲ့ တက္ကသိုလ် တစ်ခုပဲ ဖြစ်ပါတယ်။

University Of Sheffield ကချီးမြှင့်တဲ့ ပညာသင်ဆုကို မြန်မာထူးချွန် ကျောင်းသားအနေနဲ့ ရရှိခဲ့တဲ့ ကိုကျော်စံထူးဟာ မြန်မာနိုင်ငံမှာ MBBSဘွဲ့နဲ့ကျောင်းပြီးခဲ့သူဖြစ်ပြီး သူ့အနေနဲ့ Business ပိုင်းကိုလည်း စိတ်ပါဝင်စားတဲ့အတွက် မြန်မာနိုင်ငံမှာပဲ Association Of Business Executive(ABE) UK က တိုက်ရိုက် ပေးအပ်တဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲရေး ဘာသာရပ်တွေကို Level 6 အထိလေ့လာသင်ယူခဲ့ကာဆေးကုမ္ပဏီကြီးတစ်ခုမှာ Sales & Marketing Manager အဖြစ်နဲ့ လုပ်ငန်း အတွေ့အကြုံတွေလည်း ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် I.E.L.T.S အင်္ဂလိပ်စာ အရည်အချင်း စစ်ဆေးမှုမှာလည်း 7.0 ထိရရှိအောင် ဖြေဆိုထားနိုင်သူ ဖြစ်ပါတယ်။

အဲဒီနောက်မှာ ကိုကျော်စံထူးဟာ Master Of Business Administration(MBA) ကို ဆက်လက် သင်ယူဖို့ ရည်ရွယ်ထားတဲ့အတွက် အင်္ဂလန်နိုင်ငံက Ranking ကောင်းပြီး နိုင်ငံတကာကျောင်းသား၊ကျောင်းသူတွေအတွက်လည်းသင့်လျော်တဲ့ University Of Sheffield မှာသင်ယူဖို့ Crown Education
နဲ့တိုင်ပင်ပြီး စဉ်းစား ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလိုဆုံးဖြတ်ပြီးတဲ့နောက် ပညာသင်ဆု လျှောက်ထားရာမှာတော့ သူ့ရဲ့ ပညာအရည်အချင်း အထောက်အထား လက်မှတ်တွေ၊ လုပ်ငန်း အတွေ့အကြုံတွေကို တင်ပြခဲ့ရပြီး ပညာသင်ဆု လျှောက်ထားမှုအတွက် လိုအပ်တဲ့
Essay တွေကိုလည်း ရေးသားခဲ့ရတယ်လို့ ကိုကျော်စံထူးက ဆိုပါတယ်။

သူ့ရဲ့ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံနဲ့ အင်္ဂလိပ်စာ အရည်အချင်းတို့ကြောင့် ကိုကျော်စံထူးဟာ University Of Sheffield ကနေပေးအပ်တဲ့ ၄၀ ရာခိုင်နှုန်း ပညာသင်ဆုကို ရရှိခဲ့ပါတယ်။

သူဟာဆိုရင် University Of Sheffield ကနေ MBA ဘွဲ့ရရှိဖို့အတွက် တစ်နှစ်ကြာ ပညာ သင်ကြားရမှာပဲ ဖြစ်ပါတယ်။

ဗြိတိန်မှာ ပညာသင်ကြားမှုတွေနဲ့ ပတ်သက်ပြီးစိတ်ဝင်စားတယ်ဆိုရင် Crown Education ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့ ဝ၁ - ၅၂၇-၈၃၈ ၊ ဝ၉- ၄၅၀-၀၁၀-၀၂၀ ၊ ၀၉-၇၃၂-၇၃၂-၇၇ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။


SOURCES THE VOICE

No comments:

Post a Comment