ရုံးပတီသီးက ပေးတဲ့အာနိသင် (၁၀) မျိုး
ရုံးပတီသီးဟာ ဆေးဖက်ဝင်အစားအစားဖြစ်လို့ ပုံမှန်စားသုံးရင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။
ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအသောက်တွေထဲမှာ ရုံးပတီသီးကလည်း ထိပ်ဆုံးကပါ။ ကြော်စားတာပဲဖြစ်ဖြစ်၊ ချက်စားတာပဲဖြစ်ဖြစ်၊ တို့စရာ အနေနဲပ စားတာပဲ ဖြစ်ဖြစ် ရုံးပတီသီးက သင့်တော်ပါတယ်။ ရုံးပတီသီးစားတဲ့အခါ ရလာမယ့် ကျန်းမာရေး အာနိသင် (၁၀) မျိုးကို အောက်မှာ ဆက်ကြည့်နိုင်ပါတယ်။
၁။ ဝိတ်ကျစေတယ်။ ဝိတ်ကျခြင်ရင် ရုံးပတီသီး ပုံမှန်စားသင့်ပါတယ်။
၂။ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်။ ဖြစ်နေရင်လည်း သက်သာစေတယ်။
၃။ ကိုယ်ထဲက သွေးချိုဓာတ်ကို ထိန်းပေးတယ်။ ရုံးပတီသီး ပုံမှန်စားရင် သွေးချိုဖြစ်ဖို့ ရာနှုန်းနည်းမယ်။
၎။ အစာကျေလွယ်တယ်။ စားလိုက်တဲ့ အစာတွေကို လွယ်လွယ်ကူကူ ချေဖျက်ပေးနိုင်တယ်။
၅။ ကိုယ်ဝန်ဆောင်တွေကို အကျိုးပြုတယ်။ သန္ဓေသားဖွံ့ဖြိုးမှုကို အားကောင်းစေတယ်။
၆။ ဗီတာမင်စီဓာတ် ပြည့်ဝစွာ ပါဝင်လို့ ကိုယ်ခံအား ကောင်းစေတယ်။
၇။ သွေးအားနည်းနေရင် ပြန်လည်အားကောင်းစေတယ်။ နေ့စဉ်စားရင် သွေးအားကောင်းတယ်။
၈။ အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတယ်။
၉။ မျက်လုံးအမြင်အာရုံကို ပိုပြီးကောင်းလာစေတယ်။ အာရုံကြော ပိုကောင်းစေတယ်။
၁၀။ နောက်ဆုံးတစ်မျိုးကတော့ ပိုထူးခြားပါတယ်။ ဦးခေါင်းမှာရှိတတ်တဲ့ ဗောက်နဲ့ သန်းတွေကို သေစေတယ်။
Source & Photos : Dietburrp
No comments:
Post a Comment