Latest News

Monday, December 19, 2016

မှုခင်းအသိပညာပေးရွေ့လျှား မော်တော်ယာဉ် ကျုံပျော်မြို့ တွင် ဒုတိယအကြိမ်မြောက် လာရောက်ပြသပညာပေးရှင်းလင်း

မှုခင်းအသိပညာပေးရွေ့လျှား မော်တော်ယာဉ် ကျုံပျော်မြို့ တွင် ဒုတိယအကြိမ်မြောက် လာရောက်ပြသပညာပေးရှင်းလင်း


ကျုံပျော်မြို့ ၊ အောက်တိုဘာ  ၁၃

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ကျုံပျော်မြို့ ၌ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့ နံနက်  (၈) နာရီက မှုခင်းအသိပညာပေး ရွေ့လျားပြခန်းမော်တော်ယာဉ်ဖြင့် ကျုံပျော်မြို့ တွင် ပညာပေး ပြသလျှက် ရှိကြောင်းသိရသည်။
   
ပြည်သူ့ဘဝလုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး ၊ နယ်မြေအေးချမ်းသာယာရေး ၊ ပြည်သူများ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း ပါဝင်လာရေး စသည့် မှုခင်းဆိုင်ရာ အကြောင်းအရာများ ကို ပြည်သူများ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။

အဆိုပါ ရွေ့လျား မော်တော်ယာဉ်ဖြင့် မှုခင်း အသိပညာပေး ဆောင်ရွက်ရာတွင်  မြို့မရဲစခန်း မှ စတင်ထွက်ခွာ ၍ ရွှေပြည်ဦး စတိုး ဆိုင်ရှေ့နှင့်  မြို့မဈေးတွင် လူကုန်ကူးမှုနှင့် လူကုန်ကူးခံရသူများ ၊ မူးယစ်ဆေးသုံးစွဲသူများနှင့် ရောင်းဝယ်သူများ ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာကြသူများနှင့် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အသက်အန္တရာယ် ထိခိုက်ကာ အဖြစ်ဆိုး ကြုံရသူများ စသည်ဖြင့် ဓါတ်ပုံ ၊ ဗွီနိုင်းများ ပြသထားရှိပြီး ပုသိမ်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ က ရှင်းလင်း ပြသပေးကြကာ အရာရှိ တပ်ဖွဲ့ဝင်များ က ၊ ကျောင်းသား ကျောင်းသူများလမ်းသွားလမ်းလာ များအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

ADMIN

ရွှေပြည်ဦး စတိုး ဆိုင်ရှေ့ မှ မြို့မဈေး

No comments:

Post a Comment