Latest News

Monday, December 19, 2016

မောင်တောမြို့နယ်အတွင်း မသင်္ကာသူ သုံးဦး ထပ်မံဖမ်းဆီးရမိ

မောင်တောမြို့နယ်အတွင်း မသင်္ကာသူ သုံးဦး ထပ်မံဖမ်းဆီးရမိ


နေပြည်တော် ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ (အနောက်) ကျေးရွာ တစ်ဝိုက် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က မသင်္ကာဖွယ် ဟာမီဒူဆောင်း (ဘ) အဘူဘော်ဆီဒီ၊ ဂျာမာဟူဆောင်း (ဘ) အဘူကော်ဆီဒီနှင့် အဘူကာဆင်း (ဘ) အဘူတော်ဆီဒီတို့ကို Hello အမျိုးအစား ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့သုံးဦးသည် သဝန်ချောင်းကျေးရွာနေ ဟာဘီရာမာန် (ဘ) ဘော်ရီရာမန်ကို ဒီဇင်ဘာ ၁၃ ရက်က ဖမ်းဆီးခေါ် ဆောင် သွားသည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများဖြစ်ကြောင်း သတင်းအရ ဖမ်းဆီးခြင်းဖြစ်ပြီး အမှုမှန်ပေါ်ပေါက်နိုင်ရေး နှင့် တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
Sources : MOI

No comments:

Post a Comment