Latest News

Friday, December 9, 2016

ငွေမကုန်ဘဲ သူငယ်ချင်းများ နဲ့ ပျော်ရွင်စေနိုင်သော နည်းလမ်း ၅ ချက်

ငွေမကုန်ဘဲ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နိုင်တဲ့ နည်း (၅) ချက်






ငွေမရှိလည်း ပျော်ရွှင်မှုကို ဖန်တီးယူလို့ရပါတယ်။
     
ဘိုင်ပြတ်နေလို့ ငုတ်တုတ်ထိုင် စိတ်ပျက်နေစရာမလိုပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန်မှာ ငွေကုန်စရာမလိုဘဲ ဖန်တီးနိုင်တဲ့ ပျော်ရွှင်မှုလေးတွေ ရှိပါတယ်။

၁။ အကဗီဒီယိုတစ်ခု ဖန်တီးပါ

မြူးကြွတဲ့ သီချင်းကို ဖွင့်ပြီး ကိုယ့်မှာရှိတဲ့ အလန်းစားဝတ်စုံတွေ ထုတ်ဝတ်ပြီး ကခုန်ကာ ဗီဒီယိုရိုက်ထားပါ။ အရမ်းပျော်စရာကောင်းပါတယ်။

၂။ Youtube ကြည့်ပါ

Youtube မှာ ရယ်စရာကောင်းတဲ့ ဟာသမျိုးစုံရှိပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ထိုင်ရယ်နေဖို့အတွက် ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်ကော်နက်ရှင်ပဲ လိုအပ်ပါတယ်။

၃။ ပစ္စည်းချင်း လဲလှယ်ပါ

သူငယ်ချင်းဆီမှာ သင်ကြိုက်တဲ့ ပစ္စည်းတစ်ခုရှိတယ်ဆိုရင် သင့်ဆီက ပစ္စည်းတစ်ခုနဲ့ လဲလှယ်ဝတ်ဆင်ပါ။ ဥပမာ - သူ့အင်္ကျီကြိုက်လို့ သင့်အင်္ကျီနဲ့ လဲတာမျိုးပေါ့။

၎။ လုပ်အားပေးပါ

ဘာမှလုပ်စရာမရှိချိန်မှာ အားလပ်နေတဲ့အချိန်ကို အကျိုးရှိရှိ အသုံးချဖို့က လုပ်အားပေးခြင်းပါပဲ။ အလုပ်လုပ်နေတဲ့အတွက် သင့်မှာ စိတ်ဓာတ်ကျတာတွေ၊ စိတ်ညစ်တာတွေ မရှိသလို သူများကို ကူညီလိုက်ရတဲ့ ပျော်ရွှင်မှုကို သူငယ်ချင်းတွေနဲ့ အတူတကွ မျှဝေခံစားရတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။

၅။ လမ်းလျှောက်ထွက်ပါ

လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်သလို အပြင်ဘက်မှာဆိုတော့ နံရံလေးဘက်ပိတ်ထားတဲ့ အခန်းထဲမှာထက် ရယ်မောစရာ၊ ပျော်ရွှင်စရာတွေ တွေ့ကြုံရမှာပါ။

Source & Photos : Online : Duwun

No comments:

Post a Comment