Latest News

Monday, December 19, 2016

လုပ်ကြံသတ်ဖြတ်ခံရသူ သတင်းထောက် ကိုစိုးမိုးထွန်းမိသားစုကို ဝန်ကြီးချုပ် လာရောက်တွေ့ဆုံ

လုပ်ကြံသတ်ဖြတ်ခံရသူ သတင်းထောက် ကိုစိုးမိုးထွန်းမိသားစုကို ဝန်ကြီးချုပ် လာရောက်တွေ့ဆုံ

လုပ်ကြံသတ်ဖြတ်ခံရတဲ့ အလဲဗင်းသတင်းဌာန မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဒီကနေ့ မနက်ပိုင်း နေအိမ်မှာ လာရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။

ဒီလို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေး ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ဒီကိစ္စကို လုံးဝလက်မခံနိုင်ကြောင်းနဲ့ ဒီလိုဖြစ်တာက လူထုရဲ့ နားမျက်လုံးကို ပိတ်လိုက်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတာ ၁ ပတ်ထိ ကြာသွားပြီဖြစ်ပေမယ့် တရားခံအစစ်အမှန်ကို မဖော်ထုတ်နိုင်သေးပါဘူး။

ကိုစိုးမိုးထွန်း သတ်ဖြတ်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ သတင်းမီဒီယာအဖွဲ့အစည်းတွေက တောင်းဆိုထားသလို ကျန်ရစ်သူမိသားစုဝင်တွေကလည်း ဘာကြောင့်အသတ်ခံရတယ်၊ ဘယ်သူက သတ်သွားတယ် ဆိုတာကိုသာ အမြန်ဆုံး ဖော်ထုတ်ပေးစေချင်တယ်လို့ ပြောပါတယ်။

Sources ; DVB

No comments:

Post a Comment