Latest News

Monday, December 19, 2016

ဒုချီးရားတန်းရွာတွင် မူးယစ်ဆေးဝင်ဖမ်းသည့် ရဲတပ်ဖွဲ့ ဓားဖြင့်တိုက်ခိုက်ခံရ

ဒုချီးရားတန်းရွာတွင် မူးယစ်ဆေးဝင်ဖမ်းသည့် ရဲတပ်ဖွဲ့ ဓားဖြင့်တိုက်ခိုက်ခံရ
 
မောင်တောမြို့နယ်တောင်ပိုင်း ဒုချီးရားတန်းကျေးရွာမှာ ဒီကနေ့ မနက် ၉ နာရီခွဲအချိန်က မူးယစ်ဆေးဝါး သတင်းရတဲ့အတွက် ဝင်ရောက်စစ်ဆေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တားဆီးပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့ပြီး ဓားနဲ့ခုတ်သူ ဘဂါင်္လီတဦးကို အသေ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မောင်တောမြို့မရဲစခန်းက သိရပါတယ်။

“အဲ့ဒီရွာမှာ မူးယစ်သတင်းရတဲ့ အိမ်ကိုရှာဖို့သွားတာ။ အဝင်မခံဘဲ လူအုပ်စုနဲ့ တုတ်တွေ ဓားတွေနဲ့ တိုက်ခိုက်လာတဲ့အတွက် ပစ်ခတ်ဖမ်းဆီးတယ်။ တပ်ဖွဲ့ဝင်ရဲတပ်သားတယောက်တော့ ဓားဒဏ်ရာရတယ်။ အဲ့ဒီဘက်က တယောက်ကို အသေဖမ်းမိပါတယ်” လို့ မောင်တောမြို့မစခန်းက ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း ဒီသတင်းကို အတည်ပြုထုတ်ပြန်ထားပြီး ဒုချီးရားတန်း (အနောက်)ရွာရှိ ဟာမတ်တူဆောင်းရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးရှိကြောင်း သတင်းရလို့ ရှာဖွေရာမှာ ဟာမတ်တူဆောင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တဦးကို ဓားမြှောင်ဖြင့် ပြေးထိုးတဲ့အတွက် လက်မှာ ဒဏ်ရာရ သွားခဲ့တယ်လို့ဆိုပါတယ်။

ဟာမတ်တူဆောင်းက ဓါးဖြင့်ထိုးပြီးနောက် ဆက်လက်ရန်ပြုရန် ကြိုးစားလို့ လုံခြုံရေးတပ်ဖွဲ့ က သေနတ်နဲ့ တစ်ချက်ပစ်ခတ်ခဲ့ရာ ဟာမတ်တူဆောင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ဆိုပါတယ်။

ဟာမတ်တူဆောင်းရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

၂၀၁၄ ခုနှစ်ကလည်း အဲ့ဒီဒုချီးရားတန်းရွာမှာပဲ လုံခြုံရေးလှည့်ကင်းတာဝန် ထမ်းဆောင်တဲ့ ရဲတပ်ကြပ်ကြီးတဦး လက်နက်နဲ့အတူ ပျောက်ဆုံးသွားခဲ့ဖူးပါတယ်။

Sources ; DVB

No comments:

Post a Comment