Latest News

Sunday, December 25, 2016

ဇန်နဝါရီမှာ စပြီး ရိုက်ကူးမယ့် "အထိအတွေ့" ရုပ်ရှင်ဇာတ်ကား


ဇန်နဝါရီမှာ စပြီး ရိုက်ကူးမယ့် "အထိအတွေ့" ရုပ်ရှင်ဇာတ်ကား

ဒါရိုက်တာ စတီးလ်က ရိုက်ကူးသွားမှာပါ။

ဇာတ်လမ်းရေးသားသူ ဦးသက္က(သီတပင်)ရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်တဲ့  "အထိအတွေ့" ရုပ်ရှင် ဇာတ်ကားကို ဇန်နဝါရီလမှာ စပြီး ရိုက်ကူးမယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားကို ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇန်နဝါရီ (၁)နေ့မှာ စတင်ရိုက်ကူးမယ်လို့ သူက ဆိုပါတယ်။
play
" ကျွန်တော့်ကို ဦးသက္ကက အရင်တုန်းက သူ့ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်မှန် တစ်ခုကို ရေးသားပြီး ကျွန်တော့ကို ပေးခဲ့တာ။ အခုတော့ သူကဘုန်းကြီးဝတ် သွားပါပြီ၊ အဲ့ဒါကို ကျွန်တော်က ဇာတ်လမ်းဆင်ပြီး ပြန်လည်ရိုက်ကူး သွားမှာ ပါ၊ အကြောင်းအရာလေးကတော့ အခြေခံလူတန်းစားတွေမှာ ဖြစ်လေ့ဖြစ်ထရှိ တတ်တဲ့အကြောင်းအရာလေးကို ရိုက်ကူးသွားမှာပါ ၊ ဒီရုပ်ရှင်ကားကို ဇန်နဝါရီ၁ ရက်နေ့မနက်ပိုင်းကို ရွှေတိဂုံဘုရားမှာ ကန်တော့ပွဲပေးမယ်၊ ညနေ ပိုင်းကိုစတင်ရိုက်ကူးမယ်" လို့  ဒါရိုက်တာစတီးလ်( ဒွေးမေတ္တာ)ကပြောပါတယ်။
အဲ့ဒီဇာတ်ကားမှာ ထွန်းထွန်း၊ နေမျိုးအောင်၊ နေထက်လင်း၊ နေဆနိး၊ ဇွဲနိုင်ဝင်း၊ အိချောပို၊ မြတ်ကေသီအောင် စတဲ့ အနုပညာရှင်များစွာ ပါဝင်ထားတယ်လို့ သိရပါတယ်။

Sources; Photo : စတီးလ် ဖေ့စ်ဘွတ် : duwun

No comments:

Post a Comment