Latest News

Sunday, December 25, 2016

မန္တလေးမှာကျင်းပမယ့် 80's Classic Night

မန္တလေးမှာကျင်းပမယ့် 80's Classic Night

ဇန်နဝါရီ လထဲမှာ ကျင်းပမယ်လို့ သိရပါတယ်။
 
ရန်ကုန်မြို့မှာ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ 80's Classic Night ဖျော်ဖြေပွဲကိုတော့ မန္တလေးမှာလည်း ကျင်းပမယ်လို့ သိရပါတယ်။ဖျော်ဖြေပွဲကို ဇန်နဝါရီလထဲမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

‘‘လေးယောက်ပွဲကို မန္တလေး မှာ ထပ်လုပ်ဦးမယ်။ ဇန်နဝါရီ ၂၁ ရက်မှာလုပ်ဖို့ကတော့ သေ ချာသွားပြီ။ ဖျော်ဖြေပွဲအစီအစဉ် ကတော့ မတိုင်ပင်ရသေးဘူး။ သီချင်းတွေကတော့ လွှဲရမယ်ထင်တယ်။ မကော်ကတော့ လွှဲချင် တယ်’’လို့ ကော်နီကဆိုပါတယ်။

80's Classic Night ဖျော်ဖြေပွဲမှာ ၁၉၈၀ ခုနှစ် ၀န်းကျင်က ဂီတလောကမှာအောင်မြင်မှု အသီးသီးရရှိခဲ့တဲ့  အဆိုတော် ချစ်ကောင်း၊ တူးတူး၊ဟေမာနေဝင်းနဲ့ ကော်နီတို့ရဲ့  တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ပြန်လည်ဖျော်ဖြေခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ ၂၆ရက်နေ့ညက ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ပွဲဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Source & Photo : 7day Daily
 

No comments:

Post a Comment