Latest News

Thursday, December 29, 2016

ရပ်ထားသည့်ကားအား ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံး

ရပ်ထားသည့်ကားအား ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံး

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မကျီးကုန်းကျေးရွာအုပ်စု၊ မကျီး ကုန်းကျေးရွာ အန္တရာယ်ကွေး ဟင်္သာတ-ကြံခင်း အဝေးပြေးလမ်းမ မိုင်တိုင် ၂၄/၂ နဲ့ ၂၄/၃ အကြားတွင် ရပ်ထားတဲ့ ကားကို ဆိုင်ကယ်မှ ၀င်တိုက်မိပြီး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဟင်္သာတဘက်မှ အင်္ဂပူဘက်အသွား လမ်းပြောင်းပြန်ရပ်ထားပြီး ဝက်တင်နေတဲ့ IB/8618 HINO Ranger FD 176B ကားရဲ့ နောက်ကို အင်္ဂပူဘက်မှ ဟသာင်္တသို့အသွား သားအဖ ၂ ဦး မောင်းနှင်လာတဲ့ YINBO 110 မော်တော်ဆိုင်ကယ်မှ ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်တဲ့ ဇင်မျိုးအောင် အသက် ၁၇ နှစ်ဟာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဆိုင်ကယ်မဆင်မခြင် မောင်းနှင်တဲ့ သူနဲ့ ကားပြောင်းပြန်ရပ်ထားတဲ့ ယာဉ်မောင်းတို့ကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ အင်္ဂပူ မြို့မရဲစခန်းက ရဲလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Sources; ဓာတ်ပုံ - အင်္ဂပူမြို့မစခန်းနယ်ထိန်းအဖွဲ့ DVB

No comments:

Post a Comment