Latest News

Wednesday, December 21, 2016

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအား မောင်းတော အကြမ်းဖက်ဖြစ်စဉ်က အကျပ်အတည်းထဲ တွန်းပို့ခဲ့ဟု ဆို

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအား မောင်းတော အကြမ်းဖက်ဖြစ်စဉ်က အကျပ်အတည်းထဲ တွန်းပို့ခဲ့ဟု ဆို


ရခိုင်အရေးနှင့် ပတ်သက်လာလျှင် အစိုးရသည်လည်း စိုးရိမ်ပူပန်မှုများ ရှိနေပြီး အရပ်သားအစိုးရတက်လာပြီး ၇ လတွင် ရုတ်ခြည်းပေါ်ပေါက်လာသည့် မောင်းတော အကြမ်းဖက်တိုက်ခိုက်ခံရမှုက ဒေါ်အောင်ဆန်းစုကြည် အား အကျပ်ရိုက်စေသည်ဟု နီးစပ်သည့် သံတမန်အသိုင်းအ၀ိုင်းက ဂျပန်အခြေစိုက် Nikkei သတင်းစာသို့ ပြောကြားခဲ့သည် ။

လက်ရှိ ကျမ်းသစ္စာကျိန်ဆိုပြီးသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် က တင်းမာသည့် အရေးယူမှုများ လုပ်မည်လားဆိုသည့် အချက် အပေါ် မြန်မာအစိုးရအနေဖြင့် စိုးရိမ်မှုများ ရှိသည်။ ပြီးခဲ့သည့် ကုလ အထွေထွေညီလာခံ တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် ရခိုင်အရေးနှင့် ပတ်သက်၍ အချိန်နှင့် နားလည်မှု ပေးရန် နိုင်ငံတကာမှ ခေါင်းဆောင်များထံ ပန်ကြား ခဲ့ပြီးနောက် အခြေအနေများ တိုးတက်ကောင်းမွန်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ဒေသ ဖွံဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်ဦးဆောင် လုပ်ကိုင်နေပြီး ယခင် ကုလအတွင်းရေးမှုးဟောင်း ကိုဖီအာနန်အားလည်း ရခိုင်ပဋိပက္ခ အဖြေရှာရေးအတွက် ကော်မတီဖွဲ့စည်း အကူအညီတောင်းခံခဲ့သည်။


မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးမှုများ လုပ်ဆောင်မည့် စီမံကိန်းရေးဆွဲမည့် အစီအစဉ်ကို ထောက်ခံရန် နိုင်ငံတကာက တုံ့ဆိုင်းနေသည့် အချိန်တွင် ကုလသမဂ္ဂအေဂျင်စီများက ရခိုင်ပြည်နယ်အတွက် အစီအစဉ်ဆွဲရမည့် ကိစွတွင် ကူညီရမည်ကို လက်ဝင်လျှိုရန် ၀န်လေးနေသည့်ပုံစံ ပြနေသည်။

ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးမည့် အစီအစဉ် ဟုဆိုသည့် စီမံကိန်းတွင် ပါဝင်ကြသည့် နိုင်ငံခြားပညာရှင်များနှင့် အလှူရှင်များ ကလည်း မြန်မာအစိုးရက မွတ်ဆလင် ၁၂၀,၀၀၀ ၏ နေထိုင်ရာ ဒုက္ခသည်စခန်းများကို ဖယ်ရှား ဖျက်သိမ်းပေးရန် ငြင်းပယ်သည့်အပေါ် စိုးရိမ်နေကြသည်။ နိုဝင်ဘာလတွင် အပြီးသတ်မည့် အဆိုပါ စီမံကိန်းရေးဆွဲမှုသည် ယခုအထိ ရပ်ဆိုင်းထားသည့် အခြေအနေတွင် ရှိသည်။

အနှစ်ငါးဆယ်ကျော်တွင်း တိုင်းပြည်၏ ပထမဆုံး အရပ်သားအစိုးရသည် စစ်တပ်အပေါ်တွင် သြဇာအာဏာ မရှိသည်မှာ အငြင်းပွားဖွယ် မရှိဟု လေ့လာသုံးသပ်သူများက ဆိုသည်။  ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမ၏ နိုင်ငံရေး မူဝါဒများအစား စစ်တပ်က လူ့ အခွင့်အရေး ချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်များကိုသာ ဒိုင်ခံ ငြင်းဆိုနေရသည်။


ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အကျဉ်းကျခံသူများအပေါ် ပြုကျင့်ရမည့် အပြည်ပြည်ဆိုင်ရာ လူ့ ခွင့်အရေး ဥပဒေများကို စစ်တပ်က လေ့လာနေသည်ဟု အစိုးရက ပြောကြားသည့် အချက် ဖြစ်သည်။ သမ္မတဦးသိန်းစိန် လက်ထက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကို အကျဉ်းသားများကို သွားရောက် ကြည့်ရှု ခွင့်ပေးသည့် ကတိက၀တ် ဖြစ်သည်။

ICRC က ယခုအချိန်ထိ တရားဝင် ဖော်ထုတ်ပြောဆိုခြင်း မရှိသေးသော်လည်း သံအမတ်များနှင့် လေ့လာသူများ၏ ပြောကြားချက်အရ သူတို့ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အစိုးရကို တောင်းခံထားသည့် အကျဉ်းသားများကို တွေ့ခွင့်မှာ ယခုထိ ခွင့်ပြု ချက် မရသေးဟု ဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့က ရဲစခန်းများကိုတိုက်ခိုက်မှု ပြီးကတည်းက မွတ်ဆလင်အမျိုးသား ၆၀၀ ခန့် အဖမ်းခံခဲ့ရသည်။ တချို့ကပြန်လွတ်ပြီး မေးမြန်းနှိပ်စက်မှု အောက်တွင် ခြောက်ဦးသေဆုံးခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Sources ; စိုင်းဟန် The Ladies News

No comments:

Post a Comment