Latest News

Thursday, December 29, 2016

တရုတ်နိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး ကြိုးတံတားပေါ်တွင် မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ခွင့်ပြု

တရုတ်နိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး ကြိုးတံတားပေါ်တွင် မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ခွင့်ပြု

တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတားလို့ဆိုတဲ့ ကြိုးတံတားပေါ်ကို ဒီဇင်ဘာ ၂၉ ရက်နေ့က မော်တော်ယာဉ်တွေ ဖြတ်သန်းမောင်းနှင်ခွင့် ပြုခဲ့တယ်လို့ တရုတ်အစိုးရပိုင် မီဒီယာတွေက ဖော်ပြပါတယ်။

အောက်က မြစ်အထက် ၅၆၅ မီတာအမြင့်မှာ ဒီကြိုးတံတားကို တည်ဆောက်ထားပြီး တံတားအရှည် ၁ ဒသမ ၃၄ ကီလိုမီတာ ရှိပါတယ်။

ယူနန်ပြည်နယ်နဲ့ ကွေ့ကျိုးပြည်နယ်ကြားမှာ တည်ရှိပြီး အချိန် ၄ နာရီကြာတဲ့ ခရီးလမ်းဟာ ဒီတံတားကြောင့် ၁ နာရီနဲ့ ပေါက်ရောက်နိုင်မယ်လို့ စီစီတီဗွီက ဖော်ပြပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်းက ဟန်ကျိုးမြို့နဲ့ ယူနန်ပြည်နယ်က ရွှေလီမြို့တို့ကို ဆက်သွယ်တဲ့ လမ်းမပေါ်မှာတည်ရှိပြီး ဆောက်လုပ်မှု အမေရိကန်ဒေါ်လာ သန်း ၁၄၀ လောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးတံတား ၁၀ စင်းထဲမှာ ၇ စင်းဟာ ကွေ့ကျိုးပြည်နယ်မှာ တည်ရှိတယ်လို့လည်း ဆင်ဟွာသတင်းက ဆိုပါတယ်။

Sources; DVB

No comments:

Post a Comment