Latest News

Saturday, December 17, 2016

အိတ်ခ်ျအိုင်ဗီရှိသူများကို ခွဲခြားဆက်ဆံမှုလျော့ကျရေး အကြံပြုတောင်းဆို

အိတ်ခ်ျအိုင်ဗီရှိသူများကို ခွဲခြားဆက်ဆံမှုလျော့ကျရေး အကြံပြုတောင်းဆို

ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနအပါအ၀င် နှီး နွှယ်ဝန်ကြီးဌာနများ အနေဖြင့် အိတ်ခ်ျအိုင်ဗီ ရောဂါပိုးရှိသူများ ကို ခွဲခြားဆက်ဆံမှုများ လျော့ကျ လာရေး  ထည့်သွင်းစဉ်းစားပေးရန် အပါအ၀င် တောင်းဆိုချက်ခြောက်ချက်ဖြင့် မြန်မာနိုင်ငံ အိတ်ခ်ျအိုင်ဗီနှင့် နေထိုင်သူများအသင်း (MPG)က ဒီဇင်ဘာ ၁၆ ရက်တွင် သဘောထားထုတ်ပြန် သည်။

သဘောထားထုတ်ပြန်ချက် တွင် ၀န်ကြီးဌာနများသို့ အကြံပြု ချက် ခြောက်ချက်ပါဝင်ပြီး အဆို ပါအကြံပြုချက်များကို သက်ဆိုင် ရာဌာနများ၊ လွှတ်တော်နှင့် ကုလသမဂ္ဂ နိုင်ငံတကာအဖွဲ့အစည်း များထံ ဆက်လက်တင်ပြတောင်း ဆိုမည်ဖြစ်ကြောင်း MPG ဥက္ကဋ္ဌ ဦးသော်တာထွန်းကပြောသည်။

အိတ်ခ်ျအိုင်ဗီရောဂါပိုးရှိသူ များအား ခွဲခြားဆက်ဆံမှုလျော့ ကျရေးကို ကျန်းမာရေးဝန်ကြီး ဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများက ထည့်သွင်းစဉ်းစားပေးရန်၊ အေ အာတီဆင့်ပွားဌာန (အေအာတီ ကုသရေးစင်တာ)များတွင် ၀န် ဆောင်မှုများ ပိုမိုကောင်းမွန်စေ ရေးအတွက် လိုအပ်ချက်များကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေး ရန်၊ အမျိုးသားမဟာဗျူဟာစီမံ ကိန်းတွင် အိတ်ခ်ျအိုင်ဗီနှင့် အသက်ရှင်နေထိုင်သူ စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ တာဝန်နှင့် ၀တ္တရားများ ထည့်သွင်းစဉ်းစားပေးရန် စသည်တို့ကို အကြံပြု တောင်းဆိုထားသည်။

ထို့အပြင် အိတ်ခ်ျအိုင်ဗီပိုး နှင့် ပတ်သက်ဆက်နွှယ်သူများ၏ အခွင့်အရေးကို ကာကွယ်ပေး သော ဥပဒေမူကြမ်းအတိုင်း အ မှန်တကယ် ကာကွယ်ပေးသော ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန်၊ အ သိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေ (မူကြမ်း) ရေးဆွဲရာတွင် ပြည်သူ လူထုကျန်းမာရေးအတွက် မရှိမ ဖြစ် လိုအပ်သော ဆေးဝါးများကို ဈေးနှုန်းသက်သာစွာ လက်လှမ်းမီ ရရှိနိုင်ရေး အကာအကွယ်ပေးနိုင် မည့်အချက်များ ပါဝင်ရန်နှင့် အိတ်ခ်ျအိုင်ဗီကာကွယ်ရေး၊ ကု သရေး၊ ပြုစုစောင့်ရှောက်ရေးလုပ် ငန်းများတွင် လူနာများက ထိ ရောက်စွာ ပါဝင်နိုင်ရေးအတွက် ကိုယ့်အားကိုယ်ကိုးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစီအ စဉ် အကောင်အထည်ဖော်ပေးရန် စသည့် အကြံပြုချက်များလည်း ပါဝင်သည်။

လက်ရှိတွင် အိတ်ခ်ျအိုင်ဗီ ရောဂါ ဝေဒနာရှင်များအနေဖြင့် ၎င်းတို့နှင့်ကူးစက်မှုအန္တရာယ်များ သော အုပ်စုများအပေါ် ခွဲခြား ဆက်ဆံခံရခြင်း၊ မြို့နယ်အဆင့် အေအာတီဆင့်ပွားဌာန (အေအာ တီကုသရေးစင်တာ)များ၌ ၀န် ဆောင်မှုများ ရယူရာတွင် ပိုမို အ ဆင်ပြေစေရန် လိုအပ်မှုများရှိနေ ခြင်းနှင့် ပိုးကောင်ရေ စစ်ဆေး သည့်စက် အလုံအလောက်မရှိ ခြင်း၊ ကျွမ်းကျင်ပညာရှင်များ လုံ လောက်မှုမရှိခြင်းနှင့် ဆက်စပ် ပစ္စည်းလုံလောက်မှုမရှိသဖြင့် ကု သမှုခံယူနေသူတိုင်းသည် ပုံမှန် ပိုးကောင်ရေ စစ်ဆေးနိုင်ရန် အ ခက်အခဲများစွာ ရှိနေသေး ကြောင်း အိတ်ခ်ျအိုင်ဗီကာကွယ် စောင့်ရှောက်ရေး လူမှုအဖွဲ့အ စည်းများကပြောသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျ အိုင်ဗီရောဂါကူးစက်ခံရသူ နှစ် သိန်းကျော်ရှိကာ မူးယစ်ဆေး အ ကြောထဲထိုးသွင်းသူ၊ အမျိုးသမီး လိင်အလုပ်သမနှင့် အမျိုးသား ချင်း ချစ်ခင်စုံမက်သော အုပ်စုသုံးခုသည် အဖြစ်အများဆုံး အုပ်စုများဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။

SOURCES : 7 DAY

No comments:

Post a Comment