Latest News

Friday, December 23, 2016

နိုင်ငံတော်သမ္မတ ၊ ဇနီးနှင့် မိသားစုတို့အား မြန်မာနိုင်ငံ ခရစ်ယာန်မျက် မမြင်များ မိတ်သဟာယ (ရန်ကုန်) ခ၀ဲခြံမျက်မမြင်ကျောင်းမှ ၀န်ထမ်း များနှင့် ကျောင်းသား/သူများက ခရစ်တော်မွေးနေ့အကြို ဓမ္မတေးသီချင်း များဖြင့် ဖျော်ဖြေ ၊ မေတ္တာပို့ဆုတောင်း ကောင်းချီးပေး

နိုင်ငံတော်သမ္မတ ၊ ဇနီးနှင့် မိသားစုတို့အား မြန်မာနိုင်ငံ ခရစ်ယာန်မျက် မမြင်များ မိတ်သဟာယ  (ရန်ကုန်) ခ၀ဲခြံမျက်မမြင်ကျောင်းမှ ၀န်ထမ်း များနှင့် ကျောင်းသား/သူများက ခရစ်တော်မွေးနေ့အကြို ဓမ္မတေးသီချင်း များဖြင့် ဖျော်ဖြေ ၊ မေတ္တာပို့ဆုတောင်း ကောင်းချီးပေး


နေပြည်တော် ဒီဇင်ဘာ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၊ ဇနီး ဒေါ်စုစုလွင်နှင့် မိသားစုတို့အား မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ  (ရန်ကုန်) ခ၀ဲခြံမျက်မမြင်ကျောင်းမှ ၀န်ထမ်း များနှင့် ကျောင်းသား/သူများက ယနေ့ ညနေ (၄) နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ခရစ်တော် မွေးနေ့ အကြိုအဖြစ် လာရောက် ဆုတောင်း ကောင်းချီးပေးကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ  (ရန်ကုန်) ခ၀ဲခြံ မျက်မမြင်ကျောင်းမှ ၀န်ထမ်းများနှင့် ကျောင်းသား/သူများ က နိုင်ငံတော်သမ္မတ ၊ ဇနီး နှင့်မိသားစုတို့အား နှုတ်ခွန်းဆက်သကြပြီး ခရစ်တော်မွေးနေ့အကြို ဓမ္မတေးသီချင်းများကို သီဆိုကြသည်။

ထို့နောက် ဓမ္မဆရာ ဦးမောင်မောင်လှက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်သမ္မတတို့အတွက် မေတ္တာပို့ ဆုတောင်း ကောင်းချီးပေးသည်။

ဆုတောင်းပွဲတွင် မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ  (ရန်ကုန်) ခ၀ဲခြံမျက်မမြင်ကျောင်း ၊ အထွေထွေ အတွင်းရေးမှူးရုံးမှ အဒ်မင်ဖြစ်သူ ဒေါ်တင်တင် ထွေးဦးဆောင်၍ ၀န်ထမ်း များနှင့် ကျောင်းသား/သူ (၂၁) ဦးသည် ခရစ်စမတ်အကြို ဓမ္မ တေးသီချင်းများကို သီဆိုဖျော်ဖြေရာ၌ “Joy to the  world” ၊  “Rudolph” ၊ “Jingle Bells” နှင့် “ဖွားတော်မူခြင်း “ သီချင်းများကို သီဆို၍ မေတ္တာပို့ဆုတောင်း  ကောင်းချီး ပေးကြပြီး နိုင်ငံတော်သမ္မတကို ခရစ္စမတ် လက်ဆောင် ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ၊  ဇနီးနှင့် မိသားစုတို့က မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ  (ရန်ကုန်) ခ၀ဲခြံမျက်မမြင်ကျောင်းမှ ၀န်ထမ်းများနှင့် ကျောင်းသား/သူများကို စားသောက်ဖွယ်ရာ များဖြင့် ပြန်လည်ဧည့်ခံကျွေးမွေးခဲ့သည်။

Sources ; သတင်းစဉ် ; MOI

No comments:

Post a Comment