Latest News

Monday, December 19, 2016

၂၀၁၇ နှစ်ဆန်းပိုင်းတွင် ပြေးဆွဲမည့် အများပိုင် ဘတ်စ်ကားလိုင်းများအတွက် ပြင်ဆင်မှုများ စတင်

၂၀၁၇ နှစ်ဆန်းပိုင်းတွင် ပြေးဆွဲမည့် အများပိုင် ဘတ်စ်ကားလိုင်းများအတွက် ပြင်ဆင်မှုများ စတင်



၂၀၁၇ တွင် အများပိုင် ဘတ်စ်ကားလိုင်း ရှစ်ခုဖြင့် စတင် ပြေးဆွဲနိုင်ရန် ပြင်ဆင်မှုအချို့ စတင်နေပြီဖြစ်ကြောင်း ရန်ကုန် တိုင်းဝန်ကြီးချုပ်နှင့် အများပိုင် ဘတ်စ်ကားလိုင်းပိုင်ရှင်များတွေ့ ဆုံပွဲမှ သတင်းရရှိသည်။

ယာဉ်လိုင်း စတင်ပါက ငွေ ပေးချေသည့် ကတ်စနစ်နှင့် ငွေ ထည့်စီးသည့်စနစ်ကို တွဲဖက်အ သုံးပြုမည်ဖြစ်ကာ ယာဉ်လုပ်သား တစ်ဦးကိုပါ အသုံးပြုမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။

ပြေးဆွဲမည့် ကုမ္ပဏီ ရှစ်ခု အတွက် ရန်ကုန်မြို့တွင်းသတ် မှတ်လမ်းကြောင်း ၂၀ တွင် စတင် ရန်ရည်ရွယ်ထားပြီး ယာဉ်လိုင်း များကို အညီအမျှ ခွဲဝေပေးရန် စီစဉ်ထားကြောင်း ၀န်ကြီးချုပ်က လုပ်ငန်းရှင်များအား ပြောကြားခဲ့ သည်ဟု ဆိုသည်။

ဘတ်စ်ကားလိုင်းများစတင် နိုင်ရန် တိုင်းလွှတ်တော်တွင် ရန်ကုန်မြို့၏ သယ်ယူပို့ ဆောင်ရေးဥပဒေ အတည်ပြုနိုင်မှသာ မထသကို ဖျက်သိမ်းပြီး ၂၀၁၇ ၌ အများပိုင်ယာဉ်လိုင်း စတင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

         လက်ရှိပြေးဆွဲနေသောယာဉ် လိုင်းများမှ အသုံးပြု၍ ရသေး သည့် အင်္ဂါရပ်နှင့် ပြည့်စုံသေး သော ယာဉ်များမှ မထသတံဆိပ် များကို ဖြုတ်ကာ အများပိုင်ဘတ်စ်ကားလိုင်းသို့ ၀င်ပြီးပြေးဆွဲခွင့်ပြု မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က လုပ်ငန်းရှင်များအား ပြောကြားခဲ့ သည်။

လက်ရှိတွင် မထသလက် အောက်၌ မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၇,၀၀၀ ခန့်ရှိကာ နေ့စဉ် ဘတ်စ်ကားပေါင်း ၄,၀၀၀ ကျော်ဖြင့် ပြေးဆွဲလျက်ရှိ ကြောင်း မထသ (ဗဟို)၏ စာရင်း များအရ သိရသည်။


SOURCES ; 7 DAY

No comments:

Post a Comment