Latest News

Monday, December 19, 2016

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဓားထိုးမှုဖြစ်ပွား

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဓားထိုးမှုဖြစ်ပွား

ယာဉ်ကြောရှင်းလင်းရေးအဖွဲ့ဝင်တစ်ဦးကို ယာဉ်နောက်လိုက်က ကျူးလွန်ခြင်းဖြစ်

မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကံ့ ကော်လမ်းတွင် လမ်းရှင်းပေးနေ သည့် ယာဉ်ရှင်းလင်းရေးအဖွဲ့မှ အမျိုးသားတစ်ဦးကို ကုန်တင် ယာဉ်နောက်လိုက်တစ်ဦးက ဓား ဖြင့်ထိုးခဲ့ကြောင်း  သတင်းရရှိ သည်။

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ရှိ ယာဉ်ကြောရှင်းလင်းရေးအဖွဲ့မှ ဝန်ထမ်း အသက်(၅၀)အရွယ် အမျိုးသားသည် ဒီဇင်ဘာ ၁၇ ရက်ညနေ ၄ နာရီခန့်က ကံ့ကော်လမ်းမတွင် ယာဉ်ရှင်းလင်းနေစဉ် လမ်းမပေါ် ရပ်ထားသည့် ကုန်တင် ယာဉ်တစ်စီးအား သွားရောက် ဖယ်ခိုင်းရာမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆို သည်။


 ‘‘လောလောဆယ်တော့ ကျွန်တော်တို့ လက်နက်ပုဒ်မနဲ့ပဲ အမှုဖွင့်ထားတယ်။ ဓားထိုးခံရတဲ့ သူက အခု ဆေးရုံမှာ။ သူဆေးရုံ ပြန်ဆင်းလာပြီး တရားလိုလုပ် အမှုထပ်ဖွင့်ရင်တော့ တခြားပုဒ်မ တွေနဲ့ အမှုထပ်ဖွင့်ပေးရမှာ’’ဟု ၎င်းကဆိုသည်။

 ယာဉ်ကြောရှင်းလင်းရေး အဖွဲ့မှ ဝန်ထမ်းအမျိုးသားက လမ်းမပေါ် ပိတ်ရပ်ထားသည့် မူ ဆယ်-ရန်ကုန် ပြေးဆွဲနေသော ကုန်တင်ယာဉ်တစ်စီးကို သွား ရောက်ဖယ်ခိုင်းရာ ကုန်တင်ယာဉ်နောက်လိုက် အသက်(၂၉)နှစ်အရွယ် နေမင်းဇော်က မချေမငံပြောဆိုကာ ဓားဖြင့်ထိုးလိုက်ခြင်းဖြစ် ကြောင်း ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာဉ်နောက်လိုက်က အရိုးအသွား ၂၁ လက်မခန့်ရှည်သည့် ဓားဦးချွန်ဖြင့် ထိုးသဖြင့် ယာဉ်ကြောရှင်းလင်းရေးဝန်ထမ်း အမျိုးသား၏ လက်မောင်းတွင် ဓားဒဏ်ရာတစ်ချက် ရရှိသဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း ၎င်းက ဆက်လက်ပြော သည်။

ဓားထိုးမှု ကျူးလွန်ခဲ့သည့် ကုန်တင် ယာဉ်နောက်လိုက်ကို ဘုရင့်နောင်နယ်မြေ ရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် ကနဦး အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။

Sources ; 7Day

Photo - Credit

No comments:

Post a Comment