Latest News

Tuesday, December 20, 2016

အင်ဒိုမှာ အသေခံဗုံးခွဲမည့်သူများ ထပ်မံ ဖမ်းဆီးရမိ


အင်ဒိုမှာ အသေခံဗုံးခွဲမည့်သူများ ထပ်မံ ဖမ်းဆီးရမိ

ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ခဲ့ပြီး ကြံရာပါ အမျိုးသမီးတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။
 
အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဂျာဗားကျွန်းပြင်ပ အမည်မဖော်ပြခဲ့တဲ့ နေရာတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေကြောင်း သံသယရှိသူ ၃ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ သံသယရှိသူ အမျိုးသား ၂ ဦးကို ဂျာဗားအလယ်ပိုင်းရှိ ဆိုလိုမြို့မှာ တနင်္ဂနွေနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ကဖမ်းဆီးခဲ့ပါတယ်။

ဘာလီကျွန်း ဗုံးပေါက်ကွဲမူ

အဆိုပါ အမျိုးသား ၂ ဦးဟာ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ခဲ့ပြီး ၎င်းတို့နဲ့ ကြံရာပါ အမျိုးသမီးတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ အသေခံဗုံးခွဲရန် စီစဉ်ထားတဲ့ အမျိုးသမီးကို ဂျာဗားအလယ်ပိုင်းရှိ ပါဝိုရီဂျိုမှာ ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၅ ရက်) က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဂျာဗားအလယ်ပိုင်းမှာ ဖမ်းဆီးခဲ့တဲ့ ၃ ဦးအုပ်စုဟာ ယခုလ အစောပိုင်းက ဂျကာတာမြို့ရှိ သမ္မတနန်းတော်ကို အသေခံဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့မှုဖြင့် ဖမ်းဆီးထားသူတွေနဲ့ ဆက်နွယ်မှုရှိကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဆီးမှုနှစ်ခုလုံးမှာ စီစဉ်ခဲ့သူတွေက အမျိုးသမီး အသေခံဗုံးခွဲသူတွေကို အသုံးချပြီး နည်းဗျူဟာအသစ်ဖြင့် အင်ဒိုနီးရှားမှာ အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားပါတယ်။

လက်ရှိမှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဂျကာတာမြို့နဲ့ ဂျာဗားကျွန်းပြင်ပ နေရာတွေမှာ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေကြောင်း သံသယရှိသူ ၁၄ ဦးကို စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ သေဆုံးဒဏ်ရာရမှုများပြားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုများ ဘာလီကျွန်းမှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ ၂၀၀၂ ခုနှစ်က ဘာလီကျွန်း နိုက်ကလပ်မှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀၂ ဦး သေဆုံးခဲ့ပြီး ၂၀၀၅ ခုနှစ်မှာလည်း အသေခံဗုံးခွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပါတယ်။

Source & Photo: Reuters : Duwun
 

No comments:

Post a Comment