Latest News

Sunday, December 25, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နေအိမ်၌ ကျင်းပသည့် ခရစ်တော် မွေးနေ့ ၀တ်ပြုဆုတောင်းခြင်းနှင့် ခရစ္စမတ် အထိမ်းအမှတ် မိတ်ဆုံစားပွဲသို့ တက်ရောက်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နေအိမ်၌ ကျင်းပသည့် ခရစ်တော် မွေးနေ့ ၀တ်ပြုဆုတောင်းခြင်းနှင့် ခရစ္စမတ် အထိမ်းအမှတ် မိတ်ဆုံစားပွဲသို့ တက်ရောက်





နေပြည်တော် ဒီဇင်ဘာ ၂၅

ခရစ်တော်မွေးနေ့ ၀တ်ပြုဆုတောင်းခြင်းနှင့် ခရစ္စမတ်အထိမ်းအမှတ် မိတ်ဆုံ စားပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ နေအိမ်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တို့ တက် ရောက်ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်တို့ မိသားစု က ကြိုဆို နှုတ်ဆက်ကြပြီး ခရစ္စမတ် ဆုမွန်ကောင်း တောင်းပေး ကြသည်။

အလားတူ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်သူလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး၊ အမျိုးသား လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး၊ ပြည်ထောင် စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် ၎င်းတို့၏ ဇနီးများကိုလည်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး မိသားစုတို့က ကြိုဆို နှုတ်ဆက်၍ ခရစ္စမတ် ဆုမွန်ကောင်း တောင်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် အတူ ခရစ္စမတ် အထိမ်းအမှတ် မိတ်ဆုံစားပွဲ နံနက်စာကို အတူတကွ သုံးဆောင်ပြီး ခရစ္စမတ် ဆုမွန်ကောင်း များ တောင်းကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


Sources ; သတင်းစဉ် MOI

No comments:

Post a Comment