Latest News

Wednesday, December 21, 2016

ဘင်္ဂါလီအရေး ကိုလိုနီအမွေဆိုးဖြစ်ဟု တပ်မတော်ကာချုပ်ပြောကြား

ဘင်္ဂါလီအရေး ကိုလိုနီအမွေဆိုးဖြစ်ဟု တပ်မတော်ကာချုပ်ပြောကြား


ရခိုင်ပြည်နယ်က ဘင်္ဂလီအရေးကိစ္စဟာ ဗြိတိသျကိုလိုနီရဲ့ အမွေဆိုးဖြစ်တယ်လို့  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသရှိ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့  တပ်မတော်သားတွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို မနေ့ကတွေ့ဆုံရာမှာ ပြောဆိုသွားတာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က” မောင်တောနယ်မြေမှာ တစ်ဖက်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရေးပါသောနေရာတစ်ခုဖြစ်ကြောင်း၊ ဗြိတိသျှနယ်ချဲ့တို့၏ ကိုလိုနီဖြစ်ခဲ့စဉ်က ၎င်းတို့စိတ်ကြိုက်လုပ်ဆောင်ခဲ့သည့်အတွက် ဘင်္ဂါလီများ မြန်မာနိုင်ငံအတွင်းရောက်ရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း ယင်းအမွေဆိုးကို ဆက်ခံရကြောင်း၊ တရားဝင်သည်များ ရှိသလို တရားမ၀င်သည်များလည်း ရှိကြောင်း၊ ဥပဒေကို လေးစားလိုက်နာမှု မရှိသည်များ လည်း ရှိကြောင်း၊ ယင်းတို့အား ထိန်းသိမ်းနိုင်ရန်အတွက် ခေတ်အဆက်ဆက်လုပ်ဆောင်ခဲ့ရာ အတိုင်းအတာတခုအထိ ထိန်းသိမ်းနိုင်သော်လည်း ယိုပေါက်များရှိနေသေးကြောင်း” ပြောသွားပါတယ်။

နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့က မိမိနိုင်ငံသားတွေကို ဥပဒေနဲ့အညီ အကာကွယ်ပေးဖို့ တာဝန်ရှိတယ် နိုင်ငံသားဆိုရာမှာ မူလ Native ဖြစ်တဲ့ တိုင်းရင်းသားတွေကို ဦးစားပေးကာကွယ်မယ်၊ အခြားနိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ညီညွတ်တဲ့ နိုင်ငံသားတွေကိုလည်း ကာကွယ်ပေးမယ်၊  နိုင်ငံသားတွေ အနေနဲ့လည်း  နိုင်ငံရဲ့ ဥပဒေတွေကိုလေးစားလိုက်နာပြီး ဥပဒေနဲ့အညီ နေထိုင်ကြဖို့လိုတယ်လို့ လည်း ပြောပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်နယ်မြေကို တလက်မမျှ မပွန်းပဲ့စေဖို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမယ်၊ ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေ သူတွေအနေနဲ့  လုံးဝမပေါ့ဆဖို့နဲ့ အမှတ်တမဲ့ ပေါ့ဆစွာနေလိုက်လို့ အရင်းအနှီးများစွာ ပေးဆပ်ခဲ့ ရတာကို သင်ခန်းစာယူပြီး နောက်ထပ်လုံးဝမဖြစ်အောင် ဆောင်ရွက်ဖို့ လည်းမှာကြားသွားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲကင်းစခန်းတွေ  ရုတ်တရက် စီးနင်းတိုက်ခိုက်ခံရပြီးနောက် တပ်မတော် အကြီးအကဲ တစ်ယောက်အနေနဲ့ ပထမဆုံး အကြိမ် မောင်တောဒေသကို သွားရောက်နေတာဖြစ်ပါတယ်။

Sources ; DVB

No comments:

Post a Comment