Latest News

Wednesday, December 21, 2016

အမြွှာသမီးလေးတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

အမြွှာသမီးလေးတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

ကြည်နူးစရာပုံရိပ်လေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အမြွှာရင်သွေးလေးတွေ လွယ်ထားတဲ့ ချစ်သုဝေကတော့ မကြာခင် မွေးလာတော့မယ့် သမီးလေးတွေအတွက် ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်နေတယ်လို့ သိရပါတယ်။ အမြွှာသမီးလေးတွေကို ဇန်နဝါရီလမှာ မွေးမယ်လို့ သိရပါတယ်။

အမြွှာသမီးလေးတွေအတွက် ဖခင်ဖြစ်သူ လင်းလင်းကိုယ်တိုင်ကလည်း သမီးလေးနှစ်ယောက်ရဲ့ အိပ်ခန်းလေး တွေလည်း ပြင်ဆင်ထားသလို မီးဖွားရင် လိုအပ်မယ့် ပစ္စည်းလေးတွေကိုလည်း ကြိုတင်ဝယ်ယူးထားတယ်လို့ သိရပါ တယ်။ ကိုယ်ဝန်လွယ်ထားပြီးနောက်ပိုင်း အလှဓာတ်ပုံလေးတွေကို ခပ်စိတ်စိတ် ရိုက်ကူးဖြစ်တဲ့ ချစ်သုဝေဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၀)ရက်နေ့က ဓာတ်ပုံအသစ်လေးတွေ ထပ်တင်လိုက်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ မကြာခင်သူ့တို့နှစ်ယောက်ရဲ့ ကမ္ဘာထဲကို ရောက်လာမယ့် ဆည်းလည်းလေး နှစ်ယောက် အတွက် ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ရင်း ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ် ကနေ တစ်ဆင့် ပရိသတ်တွေအတွက် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Sources : Photo : ချစ်သုဝေ ဖေ့စ်ဘွတ် & Duwun
 

No comments:

Post a Comment