Latest News

Wednesday, December 14, 2016

သီပေါမင်းနတ်ရွာစံသက် နှစ် ၁၀၀ ပြည့်အခမ်းအနားတက်ဖို့ ဒုသမ္မတနဲ့ ကာချုပ်တို့ အိန္ဒိယသို့သွား

သီပေါမင်းနတ်ရွာစံသက် နှစ် ၁၀၀ ပြည့်အခမ်းအနားတက်ဖို့ ဒုသမ္မတနဲ့ ကာချုပ်တို့ အိန္ဒိယသို့သွား

အိန္ဒိယနိုင်ငံမှာကျင်းပပြုလုပ်မယ့် သီပေါမင်းနတ်ရွာစံသက် နှစ် ၁၀၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့ နိုင်ငံတော်သံဃမဟာနာယက
အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အိန္ဒိယနိုင်ငံကို ထွက်ခွာသွားပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့ နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ထွက်ခွာသွားတာဖြစ်ပြီး သီပေါမင်းရဲ့ မြစ်တော် ဦးစိုးဝင်းနဲ့ သီပေါမင်းရဲ့ ဆွေတော်မျိုးတော်တွေလည်း လိုက်ပါ သွားကြပါတယ်။ သီပေါမင်းဟာ ကုန်းဘောင်ခတ်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်ပြီး အင်္ဂလိပ်တို့က အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကာ ၁၉၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ နတ်ရွာစံ ကံတော် ကုန်ခဲ့တာဖြစ်ပါတယ်။

SOURCES © 2016 MCN TV (NEWS CHANNEL)

No comments:

Post a Comment