Latest News

Sunday, December 25, 2016

ခရစ္စမတ်ကာလကို တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ့် နည်းလမ်း (၆) ခု


ခရစ္စမတ်ကာလကို တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ့် နည်းလမ်း (၆) ခု

ခရစ္စမတ်ကာလမှာ တစ်ယောက်တည်းဖြစ်လည်း ပျော်စရာတွေ ဖန်တီးယူနိုင်ပါတယ်။
 
တစ်ခါတစ်လေမှာ ပျော်စရာကောင်းတဲ့အချိန်တွေကို တကိုယ်တည်း ဖြတ်သန်းရမယ့်အခြေအနေ ကြုံလာရတတ်ပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် မိသားစုနဲ့အတူမရှိနေနိုင်တဲ့ အခါမျိုး၊ အပေါင်းအသင်းတွေနဲ့ ရှိမနေနိုင်တဲ့အခါမျိုးမှာ ပျော်စရာကောင်းတဲ့ ခရစ္စမတ်အားလပ်ရက်တွေကို တကိုယ်တည်းဖြတ်သန်းရဖို့ ဖြစ်တလာတတ်ပါတယ်။ စိတ်ညစ်စရာတော့ မလိုပါဘူး။ ခရစ္စမတ်ကာလကို တကိုယ်တည်း ပျော်ပျော်ရွှင်ဖြတ်သန်းလို့ရတဲ့ နည်းလမ်းအချို့ရှိပါတယ်။

၁။ ပစ္စည်းတွေဝယ်

ကိုယ်ကိုကိုယ် လက်ဆောင်ပြန်ပေးရတာလည်း ပျော်စရာတစ်မျိုးပါ။ ဒီလိုအချိန်မျိုးမှာ ဈေးဝယ်စင်တာတွေ၊ စတိုးဆိုင်တွေအားလုံး လျှော့ဈေးနဲ့ရောင်းနေလို့ သင့်အတွက်လိုအပ်တာတွေ သိမ်းကြုံးဝယ်လိုက်ပါ။

၂။ ဘုရားကျောင်းတွေသွား

သင်က ခရစ္စယာန်ဘာသာဝင်တစ်ဦး မဟုတ်ခဲ့ဘူးဆိုရင်တောင် ဒီလိုနေ့မျိုးမှာ ဘုရားရှစ်ခိုးကျောင်းတွေသွားပြီး ပွဲလင်သဘင်တွေမှာ ပါဝင်ဆင်နွှဲသင့်ပါတယ်။ သင့်အတွက် မိတ်ဆွေသစ်တွေလည်း ရကောင်းရလာနိုင်ပါတယ်။ ခရစ္စမတ်နေ့မှာ ဘုရားကျောင်းတွေသွားရင် သင့်ရဲ့အထီးကျန်မှုတွေ မေ့ပျောက်သွားနိုင်ပါလိမ့်မယ်။

၃။ ရုပ်ရှင်တွေဆက်တိုက်ကြည့်

ခရစ္စမတ်အားလပ်ရက်လို နေ့မျိုးမှာ ရုပ်ရှင်တွေ ဆက်တိုက်ကြည့်ရတာလည်း အရသာတစ်မျိုးပါ။ မအားလို့ မကြည့်ဖြစ်တဲ့ ဇာတ်ကားတွေ  အကုန်သိမ်းကြုံးကြည့်ပစ်လိုက်ပါ။

၎။ အပြင်ထွက်လမ်းလျှောက်

တစ်ယောက်တည်းဖြစ်နေလို့ အပြင်မထွက်ချင်ဘူး မတွေးပါနဲ့။ ဒီလိုအချိန် အပြင်ထွက်ကြည့်လိုက်ရင် သင်ပျော်သွားမှာ သေချာပါတယ်။ မီးရောင်စုံလမ်းမတွေထက်မှာ ဒီလိုနေ့မျိုးဟာ လမ်းလျှောက်လို့ အကောင်းဆုံးပါ။

၅။ အိမ်က သောင်းကျန်းစိန်တွေ

အိမ်မှာရှိတဲ့ ခွေးကလေးတွေ၊ ကြောင်ကလေးတွေကိုလည်း မေ့မနေပါနဲ့။ ပျင်းနေရင် သူတို့အတွက် ခရစ္စမတ်အဝတ်အစား ဝယ်ပေးပြီး ဝတ်ပေးလိုက်ပါ။ သူတို့ကိုကြည့်ပြီး သင်ပိုပျော်လာပါလိမ့်မယ်။သူတို့ ကြိုက်တဲ့ အစားအသောက်လည်း ဒီနေ့တော့ ကပ်စေးမနည်းဘဲ ဝယ်ကျွေးလိုက်ပါ။

၆။ ချက်ပြုတ်စားသောက်

ချက်စားမယ်လို့ တွေးထားပေမယ့် အလုပ်မအားလို့ မလုပ်ဖြစ်တဲ့ စားသောက်စရာအသစ်တွေကိုချက်ပြုတ်စားသောက်ကြည့်ပါ။ တစ်ယောက်တည်းဆိုတဲ့ စိတ်ကိုမေ့ထားပြီး ဟင်းပွဲအသစ်တွေကိုသာ အာရုံစိုက်ထားလိုက်ပါ။ စားသောက်ဖွယ်ရာတွေ ချက်ပြုတ်ခြင်းဟာ အထီးကျန်မှုကို ပြေလျော့စေပါတယ်။

Source : Life : Duwun

No comments:

Post a Comment