Latest News

Sunday, December 25, 2016

တိုင်းမှူးသူငယ်ချင်းဆိုပြီး ယာဉ်စည်းကမ်း ဖောက်ဖျက်ခဲ့သူကို ရဲတပ်ဖွဲ့ရှာဖွေနေ

တိုင်းမှူးသူငယ်ချင်းဆိုပြီး ယာဉ်စည်းကမ်း ဖောက်ဖျက်ခဲ့သူကို ရဲတပ်ဖွဲ့ရှာဖွေနေ

တိုင်းတပ်ဖွဲ့မှူးရဲ့ သူငယ်ချင်း၊ မိတ်ဆွေ ဖြစ်ကြောင်း စိစစ်သိရှိပါကလည်း ဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
 
တိုင်းမှူးဦးဝင်းနိုင်ရဲ့ သူငယ်ချင်းဆိုပြီး ယာဉ်စည်းကမ်းဖောက်ဖျက်ခဲ့သူကို အရေးယူဖို့အတွက် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း(အလယ်) ဘလောက်မှာ 5F-8266 Land Cruiser (Cygnus) အမျိုးအစားမော်တော်ယာဉ်တစ်စီးဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်ပြီး အချိန်ကြာမြင့်စွာ ရပ်တန့်ထားတာကြောင့် အခြားယာဉ်ပိုင်ရှင်တဦးက မီးပွိုင့်တာဝန်ကျ  ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ယာဉ်ထိန်းရဲရောက်ရှိလာပြီး ကားဝှီးတက်နဲ့  ယာဉ်မောင်းလိုင်စင်ကို ပြသဖို့ ပြောဆိုစဉ်မှာ စည်းကမ်းဖောက်ဖျက်သူ ယာဉ်ပိုင်ရှင်က  တိုင်မှူးဦးဝင်းနိုင်ရဲ့ သူငယ်ချင်းလို့ ပြောဆိုပြီး မော်တော်ယာဉ်ကို မောင်းနှင်ထွက်ခွာသွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဖော်ပြထားပါတယ်။

မော်တော်ယာဉ်ကို လိုက်လံစုံစမ်းရှာဖွေရာမှာ  လမ်းမတော်မြို့နယ်၊ အမှတ်(၉၇)၊ (၁)ရပ်ကွက်နေ ဒေါ်တင်တင်အောင် ဆိုသူဖြစ်ကြောင်း သိရှိရတာကြောင့် သွားရောက်စုံစမ်းတဲ့အခါ  အဆိုလိပ်စာမှာ နိုင်ငံခြားသားတွေ နေထိုင်ကြောင်း တွေ့ရှိခဲ့ပြီး ယာဉ်ပိုင်ရှင်ရဲ့ နေရပ်လိပ်စာအမှန်ကို ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။ မော်တော်ယာဉ်ပိုင်ရှင်ဟာ တိုင်းတပ်ဖွဲ့မှူးရဲ့ သူငယ်ချင်း၊ မိတ်ဆွေ ဖြစ်ကြောင်း စိစစ်သိရှိပါကလည်း ဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ အဆိုပါ မော်တော်ယာဉ် 5F-8266 LandCruiser (Cygnus) အမျိုးအစားကို တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်ဖို့ ရေးသားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ၀၁- ၂၃၂၃၁၉၉၊ ၁၉၉
အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ၀၁-၂၉၆၄၅၄၊ ၀၁-၂၉၁၂၈၅၊
အမှတ်(၇)ယာဉ်ထိန်းရဲတပ်ဖွဲ့၊  ဒုတပ်ဖွဲ့ခွဲ၀၉-၅၄၀၉၀၃၀၊၀၉-၂၅၀၀၆၀၈၇၈

Photos & Source: Yangon Police
 

No comments:

Post a Comment