Latest News

Monday, December 5, 2016

အစာအိမ်ရောဂါကြောင့် ဆေးရုံတက်နေရတဲ့ ကင်းကောင်

အစာအိမ်ရောဂါကြောင့် ဆေးရုံတက်နေရတဲ့ ကင်းကောင်


ဟာသလူရွှင်တော် ကင်းကောင်ဟာ အစာအိမ်ရောဂါကြောင့် ကုတင်၅၀၀ဆံ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ကုတင်၅၀၀ဆံ့ဆေးရုံမှာ လေးရက်နီးပါး ကုသမှုခံယူနေပြီး ဒီဇင်ဘာလ ၇ ရက်မှာ အစာအိမ်ခွဲစိတ်မှု ပြုလုပ်ရမယ်လို့လည်း သိရပါတယ်။

“ ကျွန်တော်ကတော့ အစာအိမ်လမ်းကြောင်းမှာ အနာဖြစ်လို့ ခွဲစိတ်ရမယ်ဆိုတာလောက်ပဲ သိတာပါ။ သေချာတော့ မသိဘူး။ ” လို့ သရုပ်ဆောင် ဇင်ဝိုင်းက ပြောပါတယ်။

ကင်းကောင်အတွက် ဝေဠုကျော်ဖောင်ဒေးရှင်း၊ ပြေတီဦး ဖောင်ဒေးရှင်း ၊ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း တို့ ပူးပေါင်းထားသောTrinity Foundation မှ အလှူငွေငါးသိန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်းကလည်း" နှင်းဆီဝိုင်နှင့် သရဲလေးကောင်ဇာတ်ကား ရိုက်စဉ်ကာလကတည်းက တူတူဖြတ်သန်းလာခဲ့သည့် စိန်ပေါလ်ကျောင်းသား ငယ်သူငယ်ချင်း ကင်းကောင် အနုပညာလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ပါစေကြောင်း” သူ့ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ယနေ့ ဒီဇင်ဘာ ၅ရက်မှာ မမများအဖွဲ့မှလည်း လူရွှင်တော် ကင်းကောင်ကို သွားရောက်လှူဒါန်းကူညီခဲ့သေးတယ်လို့ သိရပါတယ်။
MDY Paint Gyi.​ကျော်​သက်​​ထွေး

No comments:

Post a Comment