Latest News

Thursday, December 22, 2016

အသက် ၃၀ ကျော်မှာ ခြေစွမ်းပိုကောင်းလာတဲ့ ဘောလုံးသမား ငါးဦး



အသက် ၃၀ ကျော်မှာ ခြေစွမ်းပိုကောင်းလာတဲ့ ဘောလုံးသမား ငါးဦး





အသက် ၃၀ ကျော်မှာ အရင်ကထက် ခြေစွမ်းပိုကောင်းလာတဲ့ ဘောလုံးသမားတွေ ဖြစ်ပါတယ်။
 
အသက် ၃၀ ဝန်းကျင်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဘဝရဲ့ အဆုံးသတ်အချိန်လို့ သတ်မှတ်ထားတတ်ကြပါတယ်။ အသက် ၂၀ မရောက်ခင်ကစလို့ အားကုန်သုံးခဲ့သမျှ ဆယ်စုနှစ်တစ်ခုကျော်ဖြတ်ပြီးချိန်မှာ ဘောလုံးသမားတစ်ယောက်ရဲ့ နေဝင်ချိန်ကို ရောက်လာတတ်ပါတယ်။

ဒါပေမဲ့ အသက် ၃၀ ကျော်ကာမှ အရင်ကထက် ခြေစွမ်းပိုကောင်းလာတဲ့ ကစားသမားအချို့ရှိပါတယ်။

၁။ ဖွန်တီ (ဆောက်သမ်တန်)

ဖွန်တီက အသက် ၃၂ နှစ်ရှိပြီဆိုရင် ပရိသတ်အချို့ ယုံချင်မှယုံကြပါလိမ့်မယ်။ ဘောလုံးစင်မြင့်ထက်မှာ ဖွန်တီဆိုတဲ့ နာမည်တောက်ပလာတာ မကြာသေးလို့ပါ။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဖွန်တီဟာ တတိယတန်းမှာ ကစားခဲ့တာဖြစ်ပါတယ်။ အခု အသက် ၃၀ ကျော်လာတဲ့အခါ ဆောက်သမ်တန်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့သလို ပေါ်တူဂီနဲ့လည်း ယူရိုချန်ပီယံ ဖြစ်ခဲ့ပါတယ်။

၂။ ဂျာမိန်းဒီဖိုး (ဆန်းဒါးလန်း)

ဒီဖိုးအသက် ၃၄ နှစ်ရှိပါပြီ။ သူနဲ့သက်တူရွယ်တူတွေ တရုတ်နဲ့ အမေရိကကို ထွက်ပြီးကစားနေချိန်မှာ ဒီဖိုးကတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြကောင်းဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ၂၀၁၅-၁၆ ဘောလုံးရာသီမှာလည်း ဂိုးများစွာ သွင်းခဲ့ကာ အောင်မြင်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ အသက် ၃၀ နောက်ပိုင်း ဒီဖိုးသွင်းတဲ့ဂိုးပေါင်း ၃၉ ဂိုးရှိပြီဖြစ်ပါတယ်။

၃။ ဖိလစ်လမ်း (ဘိုင်ယန်မြူးနစ်)

အသက် ၃၀ အရွယ်မှာပဲ ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလား ရခဲ့ပါတယ်။ အခု အသက် ၃၃ နှစ်ရှိပြီဖြစ်ပေမဲ့ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်မှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

၎။ လူကာတိုနီ (အသင်းစုံ)

လူကာတိုနီမကစားဖူးတဲ့ အီတလီထိပ်သီးကလပ်အသင်း မရှိသလောက် ဖြစ်ပါတယ်။ ဖီအိုရင်တီးနား၊ ဗီရိုနာ၊ ဂျူဗင်တပ်၊ ရိုးမား၊ ပါလာမို၊ စတဲ့အသင်းတွေမှာ ကစားခဲ့ပြီး အသက် ၃၈ နှစ်အရွယ်မှာတောင် စီးရီးအေဘောလုံးပြိုင်ပွဲမှာ ပူးတွဲထိပ်သီးဂိုးသွင်းရှင် ဖြစ်ခဲ့သူပါ။ စီးရီးအေသမိုင်းမှာတော့ ဂိုးသွင်းဘုရင်ဆုကို ရယူနိုင်ခဲ့တဲ့ အသက်အကြီးဆုံး ကစားသမားက လူကာတိုနီ ဖြစ်ပါတယ်။ ၂၀၁၆ မှာပဲ လူကာတိုနီဟာ အနားယူသွားခဲ့ပါတယ်။

၅။ အီဘရာဟီမိုဗစ်ခ်ျ

မိုဗစ်ခ်ျကတော့ အသက် ၃၀ မတိုင်ခင်ကတည်းက အောင်မြင်ခဲ့သလို ခြေစွမ်းလည်းပြခဲ့တဲ့ ကစားသမားပါ။ လက်ရှိမှာ  မိုဗစ်ချက် အသက် ၃၅ နှစ်ရှိပါပြီ။ အသက် ၃၀ ပြည့်ပြီးနောက်ပိုင်းမှာ အီဘရာဟီမိုဗစ်ခ်ျဟာ ပွဲပေါင်း ၁၇၀ ပွဲထွက်ကစားပြီး ဂိုးပေါင်း ၁၅၁ ဂိုးသွင်းယူထားပါတယ်။ ဒါဟာ အသက် ၃၀ ကျော်ကစားသမားတွေထဲမှာ ရှားရှားပါးပါး စွမ်းဆောင်ရည်ပါ။

Source : 90min
 

No comments:

Post a Comment