Latest News

Friday, December 16, 2016

အိမ်သုံးဆေးဝါးအချို့ ၅ ရာခိုင်နှုန်းခန့် ဈေးတက်

အိမ်သုံးဆေးဝါးအချို့ ၅ ရာခိုင်နှုန်းခန့် ဈေးတက်
==========================
==========================

အမေရိကန်တစ်ဒေါ်လာလျှင် ၁,၄၀၀ ကျပ်သို့ ရောက်ရှိလာ ပြီးနောက် အိမ်သုံးဆေးဝါးအချို့ ၅ ရာခိုင်နှုန်းခန့် ဈေးနှုန်းမြင့်တက် သွားကြောင်း သတင်းရရှိသည်။

နေ့စဉ်သုံးစွဲနေရသည့် အား ဆေး၊ သွေးကျဆေး၊ ဦးနှောက် နှင့်အာရုံကြောဆိုင်ရာ ဆေးဝါး စသဖြင့် အိမ်သုံးဆေးဝါးအချို့ ၅ ရာခိုင်နှုန်းခန့် ဈေးတက်ပြီး ကင်ဆာဆေးနှင့် အရေးပေါ်အချိန်၌ အသုံးပြုရသည့် ဆေးဝါးအချို့မှာ ဈေးမတက်သေးဘဲ ဒီဇင်ဘာလကုန်အထိ စောင့်ကြည့်ဦးမည်ဖြစ်ကြောင်း ပြည်ပမှ ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီကြီးတစ်ခုမှ ဈေးကွက် မန်နေဂျာတစ်ဦးက ပြောသည်။

‘‘ကုမ္ပဏီကြီးတချို့နဲ့ လက် ကားရောင်းချတဲ့သူတွေကတော့ ဒီဇင်ဘာလထဲမှာ နေ့စဉ်သုံး ဆေးဝါးဈေးတွေကို ၄ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းအထိ တက်သွားပြီ။ အရင်လတုန်းက တစ်ဒေါ်လာကို ၁,၃၀၀ ကျပ်ကျော်တုန်းက လက် လီဆိုင်တွေမှာတော့ ဆေးဝါးဈေး တက်တယ်။ ကုမ္ပဏီကြီးတွေက တော့ နိုဝင်ဘာကုန်အထိ စောင့် ကြည့်ပြီးမှ တက်တာ။ ဒါပေမဲ့ ဆေးရုံ၊ ဆေးခန်းကို မှီပြီးရောင်းရ တဲ့ဆေး၊ ကင်ဆာဆေးတို့၊ အသက်ကယ်ဆေးဝါးတို့ ဒါတွေ တော့ မတက်သေးဘူး။ ဒီဇင်ဘာ ကုန်အထိ စောင့်ကြည့်မယ်။ တကယ်လို့ ဒေါ်လာဈေးက ဆက်ပြီးတက်နေမယ်ဆိုရင်တော့ တဖြည်းဖြည်းချင်း တက်သွားမှာ ပေါ့’’ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ဒေါ်လာဈေး မြင့် တက်လာရခြင်းမှာ ကားတင်သွင်း မှု မူဝါဒအပြောင်းအလဲကြောင့် ဈေးကွက်အတွင်း ဒေါ်လာဝယ်လို အား များလာခြင်းက အကြောင်းတစ်ချက်အနေဖြင့် ရှိနေကြောင်း ဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်အချို့က ဆို သည်။

ဆေးဝါး ဈေးကွက်သည် စက်တင်ဘာမှ ဒီဇင်ဘာလကုန်အထိ အရောင်းအဝယ် အေးစက်လေ့ရှိပြီး ယခုကဲ့သို့ ဒေါ်လာဈေး မြင့်တက်လာသည့်အခါ ပိုမိုအေးစက်သွားကြောင်း၊ ဇန်နဝါရီလနောက်ပိုင်းတွင်မူ ဈေးကွက်ရောင်းအား ပုံမှန်လည်ပတ်ရန် မျှော်လင့်ကြောင်း ရွှေပြည့်စုံဈေးမှ ဆေးဝါးလက်ကား ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

‘‘အရောင်းကတော့ အေးနေ တယ်။ ဇန်နဝါရီနောက်ပိုင်းတော့ တစ်မျိုးတစ်မည် ဖြစ်ကောင်းဖြစ် မယ်လို့ မျှော်လင့်တယ်။ ပုံမှန် အိမ်သုံးဆေးဝါးတွေ ဈေးတက်တဲ့ အခါကျတော့ တချို့အခြေခံ လူ တန်းစားတွေ ဝယ်မသောက်နိုင် တာတွေ ရှိမှာပဲ။ တချို့သူတွေမှာ မသောက်မနေရ သောက်ရတဲ့ ဆေးဝါးက ဈေးတက်သွားတဲ့ အခါ သူ့ထက်ဈေးသက်သာတဲ့ ဆေးအာနိသင် အပြည့်အဝ ကောင်းချင်မှ ကောင်းမှာပေါ့။ အဲဒါတွေ ပြောင်းသုံးတာလည်းရှိ တယ်’’ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာအ တွင်း အမေရိကန် တစ်ဒေါ်လာလျှင် ၁,၂၈၀ ကျပ်ကျော်ရှိလာပြီးနောက် ပြည်ပရှိ ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီကြီးများက ဆေးဝါးပစ္စည်း ဈေးနှုန်းများကို ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကာ  ယခု  ဒီဇင်ဘာ အတွင်း၌ ဒုတိယအကြိမ် ၅ရာခိုင်နှုန်းခန့် ထပ်မံမြင့်တက်ခဲ့ကြောင်း သိရ သည်။

=============
7Day News Journal


No comments:

Post a Comment