Latest News

Friday, December 16, 2016

စက်သုံးဆီဈေး နှစ်ပတ်အတွင်း တစ်ဂါလန်လျှင် ကျပ်တစ်ရာကျော်ဈေးတက်

စက်သုံးဆီဈေး နှစ်ပတ်အတွင်း တစ်ဂါလန်လျှင် ကျပ်တစ်ရာကျော်ဈေးတက်
==============================

 ပြည်တွင်းငွေလဲနှုန်း တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းကြောင့် ပြည် တွင်းစက်သုံးဆီဈေးနှုန်းများ ဒီဇင် ဘာအတွင်း တစ်ဂါလန်လျှင် ကျပ် ၁၀၀ကျော်မှ ၁၅၀ကျော်အ တွင်းဈေးတက်ခဲ့ကြောင်း သတင်း ရရှိသည်။

ယခုစက်သုံးဆီဈေးနှုန်းမြင့် တက်လာခြင်းသည် သာမန်ဖြင့် သင့်ဖြစ်ထိုက်သည့်နှုန်းထက် ပိုမို  များပြားနေကြောင်း စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသူများအ သင်းအတွင်းရေးမှူးဒေါက်တာ ၀င်းမြင့်ကဆိုသည်။

 ‘‘ ဒီနှုန်းတွေကဖြစ်သင့်ဖြစ် ထိုက်တာကျော်နေတယ်။ ဒီလို စက်သုံးဆီဈေးနှုန်းမြင့်တက်လာ ရင် အခြားကုန်ဈေးနှုန်းတွေပါမြင့် တက်လာနိုင်တယ်။ ဒေါ်လာဈေး က မနေ့ကနှုန်းနဲ့ ဒီနေ့နှုန်းမတူ အောင် အများကြီးတက်နေတယ်။ စိုးရိမ်စရာကောင်းနေပါတယ်’’ဟု ၎င်းက  ဆက်လက်ပြောကြား သည်။

 New Day စက်သုံးဆီအ ရောင်းဆိုင်၏ ဈေးကွက်အချက် အလက်များအရ  ဒီဇင်ဘာ ၁ရက် တွင် စက်သုံးဆီလက်လီဈေးနှုန်း သည် Ron 92 တစ်လီတာလျှင် ၆၅၀ ကျပ်၊ Ron 95တစ်လီတာ လျှင် ၆၉၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၆၄၀ ကျပ်နှင့် ပရီမီယာဒီဇယ်တစ်လီတာလျှင် ၆၆၀ ကျပ်ရှိခဲ့သည်။

နှစ်ပတ်အကြာဒီဇင်ဘာ ၁၅ ရက်တွင် Ron 92တစ်လီတာလျှင် ၆၈၀ ကျပ်၊ Ron 95 တစ်လီတာ လျှင် ၇၂၀ ကျပ်၊ ဒီဇယ်တစ်လီ တာလျှင် ၆၇၀ ကျပ် နှင့် ပရီမီယာ တစ်လီတာလျှင် ၆၉၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့သည်။

ထို့ကြောင့် စက်သုံးဆီတစ် လီတာလျှင် ဒီဇင်ဘာအတွင်းကျပ် ၃၀မြင့်တက်ခဲ့သည်။ တစ်ဂါလန်နှုန်းဖြင့်တွက်လျှင် နှစ်ပတ်အတွင်း  ကျပ် ၁၀၀ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ထို့အပြင် MAX Energy စက်သုံးဆီအရောင်းဆိုင်၏ ဈေးနှုန်းများအရ တစ်လီတာလျှင်ကျပ် ၃၀မှ ၄၀အထိမြင့်တက်ခဲ့ပြီး တစ်ဂါလန်လျှင် ကျပ် ၁၀၀ကျော်မှ ကျပ် ၁၅၀ခန့် မြင့်တက်ခဲ့သည်။ ထို့အပြင် စက်သုံးဆီလက်ကား ဈေးနှုန်းတွင် တစ်ဂါလန်လျှင် ကျပ် ၁၀၀ကျော်မှ ကျပ် ၁၆၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

  စက်သုံးဆီဈေးမြင့်တက် လာခြင်းသည် အမေရိကန်ဒေါ်လာ ဈေးမြင့်တက်လာခြင်းနှင့် ကမ္ဘာ့ရေနံဈေးမြင့်တက်လာခြင်းတို့ဖြစ်သည်ဟု စက်သုံးဆီတင်သွင်းရောင်းချသူများကဆိုသည်။

သို့သော် စက်သုံးဆီမြင့် တက်လာခြင်းမှာ ဒေါ်လာငွေလဲ နှုန်းကြောင့်သာဖြစ်ပြီးကမ္ဘာ့ရေနံ ဈေးနှင့် များစွာမသက်ဆိုင် ကြောင်း ဒေါက်တာဝင်းမြင့်က ပြောသည်။ ယခုစက်သုံးဆီဈေး မြင့်တက်လာခြင်းကြောင့် အစိုးရအနေဖြင့် အသင်းကို တစ်စုံတစ်ရာ  ညွှန်ကြားလာခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။

‘‘ဆီဈေးတက်တော့ ကားသ မားတွေအတွက်တော်တော်ဒုက္ခ ရောက်ပါတယ်။ ၀ယ်ဖို့ဆီဈေး သာ တက်တာ။ ကားငှားခပို တောင်းလို့မရဘူး။ ဒီအတိုင်းသာ ဆို တော်တော်ဒုက္ခများမယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်အငှားကား ယာဉ်မောင်းတစ်ဦးက ပြော သည်။

 ပြင်ပတင်သွင်းလာသည့် စက်သုံးဆီဈေးမြင့်တက်လာခြင်း ကြောင့်ဈေးကွက်အတွင်း အရည် အသွေးနိမ့်သည့် စက်သုံးဆီ များဝင်ရောက်လာမည်ကို သတိ ထားရန်လိုကြောင်း စက်သုံးဆီ တင်သွင်းရောင်းချသူများက သ တိပေးထားသည်။

=============
7Day News Journal


No comments:

Post a Comment