Latest News

Monday, December 19, 2016

ကားလမ်းချဲ့ ရန်အတွက် သစ်ပင်ငါးရားကျော်ခုတ်လှဲမည်




ကားလမ်းချဲ့ရန်အတွက် သစ်ပင် ငါးရာကျော်ခုတ်လှဲမည်


မကွေးတိုင်းအတွင်းရှိမကွေး-ကျောက်ပန်းတောင်းကာလမ်းအား
လမ်းတိုးချဲ့ရန်အတွက် လမ်းနယ်နှင့် မလွတ်ကင်းသည့်သစ်ပင်ငါးရာကျော် အားခုတ်လှဲရမည်ဖြစ်ကြောင်းလမ်းဦးစီးဌာန၊တိုင်းဒေသကြီးညွှန်ကြားရေးမှုးရုံးမှဦးစီးအရာရှိဦးကျော်လင်းဦးကယခုလ ၁၉ ရက်နေ့တွင်ပြောသည်။

 “လမ်းတာပေါင်မှာမလွတ်ကင်းတဲ့ အပင်တွေကိုပဲခုတ်တာပါ၊သစ်တော ဌာနအပါအ၀င်သက်ဆိုင်ရာဌာနတွေ ပေါင်းစပ်ပြီး၊သေချာတိုင်းတာပြီးမှဆောင်ရွက်တာပါ”ဟုဦးကျော်လင်းဦးကပြောသည်။

 အဆိုပါလမ်းပိုင်းအားချဲ့ထွင်ရန်အတွက် ကားလမ်းနဘေးရှိလမ်းပုခုံးဖြင့် မလွတ်ကင်းသည့် သစ်ပင်ပေါင်း ၅၀၃ ပင်အားခုတ်လှဲသွားမည်ဖြစ်ပြီးအစားထိုးစိုက်ပျိုးမှုများပြုလုပ်ရန် စီမံချက်များဆောင်ရွက် သွားမည်ဟု ၄င်းကဆိုသည်။

 “ဦးလေးတို့ငယ်ငယ်ကတော့ ဒီအပင်ကြီးတွေကလမ်းဘေးမှာအပြည့်ရှိခဲ့တယ်၊အင်္ဂလိပ်ခေတ် လမ်းစဖေါက်ကတည်းကလမ်းဘေးမှာရေလောင်းပြီးစနစ်တကျစိုက်ခဲ့ကြတာ၊နှစ်ပေါင်းတစ်ရာကျော်ပြီပေါ့၊ နောက်ပိုင်းသဘာဝဘေးနဲ့ အချို့သေကုန်တာလည်းရှိတယ်၊ မခုတ်ခင်မှာသေသေချာချာစီစစ်စေချင်တယ်၊ ဦးလေးတို့ အညာသူအညာသားကအရိပ်နဲ့ သစ်ပင်ကိုမက်တယ်လေ”ဟုချောက်မြို့နယ် ရှားပင်ကျေးရွာမှဦးညွန့်မောင်က ပြောသည်။
 အဆိုပါဒေသသည် မြန်မာနိုင်ငံအလည်ပိုင်း၊မိုးနည်းရေရှားဒေသဖြစ်သောကြောင့် နွေရာသီတွင်အရိပ်ရပင်များလိုအပ်လျှက်ရှိပြီးသက်တမ်းရင့်အပင်အများစုအားကျောက်ပန်းတောင်း-မကွေးကားလမ်းဘေးတွင်သာတွေ့ရှိရ သည်ဟုချောက်မြို့နယ် ဂွေးချိုကျေးရွာမှ မစန္ဒီဝင်းက ဆိုသည်။

 “ဓါတ်ငွေ့လိုင်းတွေဖေါက်တော့လည်းသစ်ပင်တွေပျက်ရတယ်၊တခါဖုန်း
လိုင်းတွေမြေအောက်ကတူး တော့လည်း သစ်ပင်တွေပဲတစ်ခါပျက်စီး တယ်၊တခါစိုက်ကြအုံးဆိုပြည်သူတွေကိုစိုက်ခိုင်းပြန်တယ်၊ဖျက်ဆီး တော့လည်းသူတို့ပဲ(အစိုးရ)စိုက်ခိုင်းတော့လည်းသူတို့ပဲဖြစ်နေတယ်”ဟု
မစန္ဒီဝင်းမှပြောသည်။

 ဒေသခံတောင်သူများအနေဖြင့် ကားလမ်းဘေးရှိသစ်ပင်များခုတ်လှဲမည်ကိုစိုးရိမ်လျှက်ရှိပြီးသစ်ပင်များ
ခုတ်လှဲခြင်းကြောင့်ဒေသတွင်းရှိရာသီဥတုပြောင်းလည်းသွားမည်ကို
စိုးရိမ်လျှက်ရှိကြောင်းဒေသခံတောင်သူများမှဆိုသည်။
 “တောင်သူဆိုတာရာသီဥတုကိုမှီရတာ၊ကျွန်တော်တို့ဒေသမှာအပင်ကြီးကြီးမားမားမရှိဘူး၊ ဒီကားလမ်းဘေးကအပင်ကြီးတွေကရေငွေ့ပြန်ရိုက်မှ ယာခင်းတွေမှာပဲနှမ်းစိုက်လို့ပျိုးလို့ရတာ” ဟုချောက်မြို့နယ်၊ဂွေးပင်ကျေးရွာမှ တောင်သူဦးသန်းထွန်းကပြောသည်။

 ကားလမ်းအကျယ် ၁၈ ပေရှိသည့်အဆိုပါကားလမ်းအား ၂၄ပေအကျယ်ထပ်မံတိုးချဲ့သွားမည်ဖြစ်ကာ လမ်းပုခုံးအပါအ၀င် ပေ ၄၀ အကျယ်အ၀န်းရရှိရန် တိုးချဲ့သွားရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးလမ်းဦးစီးဌာနညွှန်ကြားရေးမှုးရုံးမှတာဝန်ရှိသူကဆိုသည်။

ဓါတ်ပုံ။  ။နေအောင်

Sources ; The Myanmar Times

No comments:

Post a Comment