Latest News

Monday, December 19, 2016

တောင်ကိုရီးယားသမ္မတ၏ အရင်းနှီးဆုံးမိတ်ဆွေ ချွိုင်ဆွန်ဆီကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး


တောင်ကိုရီးယားသမ္မတ၏ အရင်းနှီးဆုံးမိတ်ဆွေ ချွိုင်ဆွန်ဆီကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး
 
တောင်ကိုးရီးယားသမ္မတ ပတ်ဂွန်ဟေး (Park Geun-hye) အရေးယူခံရမှုမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ သမ္မတရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ချွိုင်ဆွန်ဆီ (Choi Soon-sil) ကို ဒီဇင်ဘာ ၁၉ ရက်နေ့က ဆိုးလ်မြို့ တရားရုံးတခုမှာ ပထမဦးဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

သူ့ကို တရားရေးဝန်ကြီးဌာနပိုင်ကားနဲ့ ခေါ်ယူလာတာဖြစ်ပြီး အဲဒီကားကို “အထူးအရေးပေါ်ကားအဖြစ်” ကိုရီးယားဘာသာစကားနဲ့ စာကပ်ထားပါတယ်။

သူ့ကို အာဏာအလွဲသုံးစားမှု၊ လာဘ်စားမှုတွေနဲ့ စွဲချက်တင်ဖို့ သင့်မသင့် ပထမဆုံးအကြိမ် ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။

ချွိုင်ဆွန်ဆီဟာ သမ္မတပတ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်ပြီး အစိုးရထိပ်တန်းလျှို့ဝှက်ချက်တွေကို သမ္မတပတ်က ဖွင့်ဟတိုင်ပင်လေ့ ရှိပါတယ်။

သူဟာ သမ္မတပတ်နဲ့ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဖိအားပေးခဲ့တယ်၊ ငွေကြေးရန်ပုံငွေ ရယူခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။

ဒီကိစ္စတွေကြောင့်ပဲ သမ္မတပတ်ကို အရေးယူဖို့ ကိုရီးယားလွှတ်တော်က ဒီဇင်ဘာ ၉ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ပြီး ရာထူးကနေ ခေတ္တဖယ်ရှားထားပါတယ်။

Sources ; DVB

No comments:

Post a Comment