Latest News

Tuesday, December 6, 2016

မောင်ကောင်းပြည့်အတွက် ကျောင်းအပ်ပေးခဲ့တဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံ




မောင်ကောင်းပြည့်အတွက် ကျောင်းအပ်ပေးခဲ့တဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံ

၂၀၁၆ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ၅ ဘာသာဂုဏ်ထူးနဲ့ထူးချွန်စွာ အောင်မြင်ခဲ့သူ မောင်ကောင်းပြည့်လေး ဆေးကျောင်းတက်ခွင့် ရခဲ့ပြီဖြစ်ပါတယ်။ယနေ့မနက်မှာတော့ မောင်ကောင်းပြည့်က သူတက်ရောက်ခွင့်ရရှိတဲ့ ဆေးတက္ကသိုလ်(၂)ရန်ကုန်မှာ ကျောင်းအပ်ခဲ့ပါတယ်။လှိုင်သာယာ ပန်းလှိုင်တံတားအနီးက အိမ်ငယ်လေးမှာနေထိုင်ရင်း သူ့ ရဲ့ငယ်စဉ်ကတည်းကဖြစ်ချင်တဲ့စိတ်ကူးအိပ်မက်က အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။မောင်ကောင်းပြည့်ရဲ့စိတ်ကူးအိပ်မက်ကိုတော့ ကိုဥက္ကာကျော်နဲ့ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ
မိသားစုက ပညာဒါနအဖြစ် လက်တွေ့ အကောင်အထည်ဖော်ဆောင်ပေးခဲ့ပါတယ်။
မောင်ကောင်းပြည့်လေးဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ မှစတင်ပြီး ဆေးတက္ကသိုလ် ၂ ရန်ကုန်မှာ ပညာသင်ကြားရမှာဖြစ်ပါတယ်။မောင်ကောင်းပြည့်ရဲ့ ဆေးတက္ကသိုလ် ပညာသင်ကြားစရိတ်ကိုတော့ ကိုဥက္ကာကျော်နဲ့သရုပ်ဆောင် ဆုပန်ထွာတို့ မိသားစုက ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဆရာဝန်လောင်းတစ်ယောက် မွေးထုတ်ပေးခွင့်ရတဲ့အတွက် ဆုပန်ထွာတို့ ဇနီးမောင်နှံဝမ်းသာပီတိ ဖြစ်လျှက်ရှိကြောင်း သိရပါတယ်။
မျိုးကျော်(ကနောင်သွေး)
ပေါ်ဖြူလာ

No comments:

Post a Comment