Latest News

Sunday, December 18, 2016

အင်ဒိုနီးရှား စစ်ဘက်ဆိုင်ရာလေယာဉ် ပျက်ကျပြီး လေယာဉ်ပေါ်လိုက်ပါသူ အားလုံးသေဆုံး


အင်ဒိုနီးရှား စစ်ဘက်ဆိုင်ရာလေယာဉ် ပျက်ကျပြီး လေယာဉ်ပေါ်လိုက်ပါသူ အားလုံးသေဆုံး

လေယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံးခဲ့ရပါတယ်။
 

အင်ဒိုနီးရှားနိုင်ငံ ပါပွာဒေသမှာ ဒီကနေ့မနက်ပိုင်းက စစ်ဘက်ဆိုင်ရာ လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

တောင်တန်းတွေကြား လေယာဉ်ပျက်ကျပြီးနောက် လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၁၃ ဦးလုံးသေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေဘက်က အတည်ပြုသတင်းထုတ်ပြန်ထားပါတယ်။ ဟာကျူးလိစ် စီ-၁၃ လို့အမည်ပေးထားတဲ့ အဆိုပါလေယာဉ်ဟာ တီမီကာအရပ်ကနေ ဝါမီနာဘက်ကို စားနပ်ရိက္ခာသယ်သူ ပို့ဆောင်ပေးတဲ့ လေယာဉ်ဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်ပျက်ကျသွားရတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက လောလောဆယ် အကြမ်းဖျင်း ယူဆထားပါတယ်။ လေယာဉ်ပျက်သွားတဲ့နေရာကို ရှာတွေ့ထားပြီဖြစ်ပြီး သေဆုံးသွားတဲ့ အလောင်းတွေကိုလည်း ဝါမီနာအရပ်ကို ပို့ဆောင်နေပြီလို့ သိရပါတယ်။

မနက်ပိုင်း ရာသီဥတု ဆိုးရွားနေချိန်မှာ လေယာဉ်ဟာ လေယာဉ်ပြေးလမ်းကိုတောင် မြင်ခဲ့ရလားဆိုတာ မသေချာဘူးလို့ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ၂၀၁၅ ခုနှစ်ဇွန်လတုန်းကလည်း အင်ဒိုနီးရှားရဲ့ လေတပ်လေယာဉ်တစ်စင်းဟာ မီဒန်က ထွက်ခွာပြီး အချိန်အနည်းငယ်အကြာမှာ ပျက်ကျခဲ့ကာ ခရီးသည် ၁၀၉ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၁၂ ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ် သတင်း

Source :BBC : Duwun
 

No comments:

Post a Comment