Latest News

Thursday, December 29, 2016

စစ်ကိုင်းတိုင်း လွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပမည်

စစ်ကိုင်းတိုင်း လွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပမည်

ကလေး ၊ ဒီဇင်ဘာလ  ၂၉

စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေ အတည်ပြုနိုင်ရေးအတွက် စစ်ကိုင်းတိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီလ  ၂ ရက်နေ့မှ စတင်ကာ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်က  ပြောကြားသည်။

စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအတွက် ဖြည့်စွက်ရန်ပုံငွေက တိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြုပေးခဲ့ကြောင်း၊ လွှတ်တော်မှ အတည်ပြု ပေးလိုက်သည့် ရန်ပုံငွေစာရင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင်ထံ တင်ပြခဲ့ရာမှ ပြန်လည် စိစစ်ကာ ချထားပေးသော ဘတ်ဂျက်ကို  တိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြုနိုင်ရန်အတွက် အရေးပေါ် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မုံရွာမြို့ရှိ လွှတ်တော်ရုံးသို့  ဇန်နဝါရီ ၁ ရက်နေ့ထက် နောက်မကျဘဲ သတင်း ပို့ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၇၆ ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး၊ စုစုပေါင်း ၁၀၁ ဦး ရှိကြောင်း ယင်းလွှတ်တော်ရုံးထံမှ သိရသည်။

R-20

Sources; the voice

No comments:

Post a Comment