Latest News

Thursday, December 22, 2016

အမရပူရမြို့ပြစီမံကိန်းပြုလုပ်မည့်ကုမ္ပဏီက မြေတစ်ဧက ကျပ်သိန်း ၈၀၀ အထိပေးပြီး ဝယ်ယူနေ

အမရပူရမြို့ပြစီမံကိန်းပြုလုပ်မည့်ကုမ္ပဏီက မြေတစ်ဧက ကျပ်သိန်း ၈၀၀ အထိပေးပြီး ဝယ်ယူနေ

မန္တလေးမြို့အနီး အကောင်အထည်ဖော်မည့် အမရပူရမြို့ပြစီမံကိန်းအတွက် ကုမ္ပဏီက မြေတစ်ဧကလျှင် ကျပ်သိန်း ၈၀၀ အထိ ဈေးပေးဝယ်ယူနေကြောင်း သတင်း ရရှိသည်။

ဧရာဝတီမြစ်ကမ်းဘေး သောင်ပြင်များပေါ်ရှိ မြေဧကနှစ်ထောင်ပေါ်တွင် တည် ဆောက်နေသည့် စီမံကိန်းဖြစ်ပြီး ဦးမောင်ဝိတ်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Mandalay Business Capital Development ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်သည်။

မြေယာများကို နှုန်းသေ သတ်မှတ်ထားခြင်းမရှိဘဲ မြေနေ ရာအနေအထားနှင့် ကာလပေါက်ဈေးအပေါ်မူတည်ပြီး တောင်သူတစ်ဦးချင်းနှင့် ညှိနှိုင်းဈေးဖြတ်ဝယ်ယူခြင်းဖြစ်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရဲဝင်းက ပြော ကြားသည်။ မြေတစ်ဧကလျှင် အ နည်းဆုံး ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၈၀၀ အထိ ရှိသည်။ မြေ များသည် မြစ်ကမ်းစပ် သဲသောင်ကျွန်းမြေများဖြစ်ပြီး ပုဂ္ဂလိက ဒေသခံများက ပိုင်ဆိုင်သည့် မြေနေရာများဖြစ်သည်။

‘‘ကျွန်တော်တို့ ဝယ်ယူရရှိမှု အနေနဲ့ စီမံကိန်းဧရိယာရဲ့ သုံးပုံ တစ်ပုံလောက် ဝယ်ယူပြီးပါပြီ။ သုံးပုံတစ်ပုံကျော်ပါပြီ’’ဟု ဦးဇော် ရဲဝင်းက ပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းကို အမရပူရမြို့နယ် မန္တလေးမြို့ပတ်လမ်း၏ အရှေ့ဘက်ရှိ  အကျယ်အဝန်းဧရိယာ မြေဧက ၅၀၀ ခန့်နှင့် မန္တလေးမြို့ပတ်လမ်း ၏ အနောက်ဘက်နှင့် ဧရာဝတီ မြစ်ကြားရှိ အကျယ်အဝန်းဧရိယာ မြေဧက ၂,၀၀၀ ခန့်ပေါ်တွင် အ ကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်သည်။

ယင်းစီမံကိန်းကို ဦးမောင်ဝိတ်ပိုင်ဆိုင်သည့် MBCCD က ငွေကျပ် ဘီလီယံ ၅၀၀ ကနဦးရင်းနှီး မြှုပ်နှံကာ အကောင်အထည်ဖော် မည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်း ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာ စစ်တမ်း(EIA, SIA)များ ကောက်ယူလျက် ရှိသည်ဟု ဆိုသည်။

ရှမ်းကလေးကျွန်း ကျေးရွာ အနီးရှိ ကိုင်းမြေ၊ ကျွန်းမြေနှင့် မြေနုကျွန်းများကို ကုမ္ပဏီက ယခု နှစ်ဆန်းကစတင်ကာ ဝယ်ယူနေပြီး ရှမ်းကလေးကျွန်းဒေသခံများ အနက် သုံးပုံတစ်ပုံခန့်သည် မြေ ယာများ ရောင်းချထားပြီး  ဖြစ် သည်ဟု စီမံကိန်းဧရိယာအတွင်း ပါဝင်နေသည့် ရှမ်းကလေးကျွန်း ကျေးရွာနေ ဒေသခံများက ပြော ကြားသည်။

‘‘ကနဦးက တစ်ဧက သိန်း ၇၀၀ နဲ့ စဝယ်တယ်။ အခုတစ် ဧကကို သိန်း ၈၀၀ နှုန်းပေးတယ်။ တချို့ကတော့ ရောင်းပြီးကြပြီ။ တော်တော်များများကတော့ မရောင်းကြသေးဘူး။ တချို့က လည်း ဈေးပိုရဦးမလားလို့ စောင့် နေကြတာလည်းရှိတယ်’’ဟု ရှမ်း ကလေးကျွန်းကျေးရွာနေ မြေသုံး ဧကခွဲကျော်ပိုင်ဆိုင်ပြီး နှစ်ဧက ခန့် ရောင်းချထားသည့် ဒေသခံ တစ်ဦးက ပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် ဧရာဝတီမြစ်အတွင်း မြေဖို့ကာ အကောင်အထည်ဖော် မည့် စီမံကိန်း ဖြစ်သကဲ့သို့ မန္တလေး၊ အင်းဝ၊ အမရပူရ စသည့်ရှေးဟောင်းမြို့များနှင့် ဆက်စပ် နေသည့် နေရာတွင် အကောင်အ ထည်ဖော်မည်ဖြစ်၍ သဘာဝပတ် ဝန်းကျင် ထိခိုက်ပျက်စီးခြင်းနှင့် မြစ်ကမ်းပြိုကျခြင်းကဲ့သို့ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်မည်ကို ဒေသခံများက စိုးရိမ်ပူပန်မှုများ ရှိနေသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာ စစ်တမ်း များ (EIA, SIA, EMP Report) ကောက်ယူကာ အစိုးရအဖွဲ့ထံ တင်ပြပြီး ခွင့်ပြုချက်ရပါက ၂၀၁၇ နှစ်ဆန်း၌ စီမံကိန်းလုပ်ငန်းများ စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း MBCCD ကုမ္ပဏီမှ ဦးမောင်ဝိတ်က ပြောသည်။

Sources : 7Day

No comments:

Post a Comment