Latest News

Wednesday, December 21, 2016

ကုန်သွယ်ရေးအတွက် အဖြေအဆင်သင့်ရှိပါစေ

ကုန်သွယ်ရေးအတွက် အဖြေအဆင်သင့်ရှိပါစေ



ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ကုန်သေတ္တာတင်ရန် စောင့်ဆိုင်းနေသော ကုန်သေတ္တာတင်ယာဉ်များကို တွေ့ရစဉ် ဓာတ်ပုံ-စိုင်းဇော်
နှစ်လအတွင်း မြန်မာ့ကုန်သွယ်ရေးလုပ်ငန်းအတွက် ပြောင်းလဲမှုကြီး နှစ်ခုဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာ ၁၂ ရက်က  မြန်မာ့အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (MACCS)စတင်လိုက်ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှု
လျော့ကျစေရန် ဒီဇင်ဘာ ၇ရက်ကစပြီး ရန်ကုန်တွင် ကုန်သေတ္တာတင်ယာဉ်များကို ည ၉နာရီမှနံနက် ၆နာရီအထိသာ မောင်းနှင်ခွင့် ပြုလိုက်ခြင်းတို့ဖြစ် သည်။


 အဆိုပါ အပြောင်းအလဲများ ကြောင့် ပင်လယ်ရေကြောင်းကုန် သွယ်ရေးတွင် ဂယက်ရိုက်မှုများစွာ ဖြစ်ခဲ့ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း များကြန့်ကြာမှု ဖြစ်လာကြောင်း ဝေဖန်မှုများလည်းထွက်ပေါ်လာခဲ့ သည်။ MACCSစနစ်မှာ
ကုန်သွယ် မှုမြန်ဆန်စေရန် အွန်လိုင်းစနစ်သုံး ကုန်စည်ရှင်းလင်းရေးဖြစ်သော် လည်း စနစ်သစ်စတင်ကျင့်သုံးခြင်း ဖြစ်၍ ယခင်ကထက်ပင် ကြန့်ကြာ မှုများနှင့် ကြုံတွေ့နေရသည်။  ထို့ အပြင် ယင်းစနစ်နှင့်မရှေးမနှောင်း မှာပင်ကုန်သေတ္တာတင်ယာဉ်များ ကိုညဘက်မောင်းနှင်ရန်ကန့်သတ် လိုက်ခြင်းက ကုန်သွယ်မှုလုပ်ငန်း များအတွက် ကြန့်ကြာမှုများပိုမို ဖြစ်စေခဲ့သည်။

ရန်ကုန်တိုင်းအစိုးရက  ညဘက်အချိန်ပိုင်းသာ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာရန် စီစဉ်ရခြင်းသည် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြား
ထားသည်။

  ကွန်တိန်နာယာဉ်များကို မည်သည့်နိုင်ငံကမျှ နေ့ခင်းပိုင်းတွင် ဖြတ်သန်းသွား လာခွင့်မပြုဘဲ ယခုကဲ့သို့ အချိန်သတ်မှတ်ခြင်းသည် ကွန်တိန်နာသမားများကိုရစ်ခြင်းမဟုတ်ကြောင်းလည်း  ပြောသည်။

ထို့အပြင် ကွန်တိန်နာကား များ ညပိုင်းဖြတ်သန်းခွင့်ပြုခြင်းကို ကုန်စည်စီးဆင်းမှုအရ လိုအပ် လျှင် နေ့ဘက်လည်း ပေးမောင်း မည်ဟု ဦးဖြိုးမင်းသိန်းက ပြောထားသည်။ အရပ်သားအစိုးရ တက်လာပြီးနောက် ဆောက်လုပ် ရေး
လုပ်ငန်းများ ပြန်စိစစ်ရန် ဆောက်လုပ်မှုများရပ်နားထားရန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရညွှန် ကြားမှုကြောင့် ဆောက်လုပ်ရေး  လောကအထိနာခဲ့သလို ကုန်သေ တ္တာတင်ယာဉ်များအချိန်အကန့်အ သတ်ဖြင့်မောင်းနှင်ခွင့်
ပြုခြင်းက နိုင်ငံကုန်သွယ်ရေးကိုပင် ထိခိုက် စေနိုင်ကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များကပြောဆိုသတိ ပေးလာကြသည်။

‘‘ ၂၄နာရီ လုပ်လို့မရဘဲ ည လေးပဲ ကုန်သေတ္တာတင်တဲ့သူက တင်မယ်။ ချတဲ့သူကချမယ်။ အဲဒါ ဆိုရင် ကုန်သေတ္တာအတင်အချ လုပ်တဲ့ကရိန်းတွေက ဆိပ်ကမ်း တွေမှာ ဘယ်နှခုရှိလို့လဲ။ အဲဒီက ရိန်းတွေလည်း ပြဿနာတက် မယ်။ အစ်မတို့လည်း အချိန်တွေပို ကြာသွားပြီ’’ဟု လယ်ယာထွက် ကုန်နှင့် သီးနှံများတင်ပို့သည့် Gloden Cropကုမ္ပဏီအုပ်ချုပ်မှုဒါ ရိုက်တာဒေါ်ထူးထူးလတ်ကပြော သည်။

ပို့ကုန်တင်ပို့မှုများသည့်အ ချိန်များတွင် ကုန်သေတ္တာတင် ယာဉ်များမှာ တစ်ရက်လျှင်နှစ် ခေါက်၊ သုံးခေါက်ခန့်အသွားအ ပြန်ပြုလုပ်၍  ကုန်စည်သယ်ပို့ခြင်း လုပ်ဆောင်ရသည့်အတွက် ညအ ချိန်သာမောင်းနှင်ရန်ကန့်သတ်
လိုက်ခြင်းသည် အခေါက်ရေလျော့ပြီး အချိန်ပိုမိုကြန့်ကြာမှုများဖြစ် ပေါ်လာကြောင်း ၎င်းကပြောသည်။

ယခင်ကုန်သေတ္တာယာဉ်များ မှာ တစ်ရက်လျှင်နှစ်ခေါက်၊ သုံး ခေါက်အသွားအပြန်ပြုလုပ်နိုင်ခဲ့ ရာမှ ယခုတွင် တစ်ခေါက်တည်းကို ပင် နှစ်ညအိပ်သုံးရက်ခန့်အထိကြာ သွားကြောင်း ဒေါ်ထူးထူးလတ်က ပြောသည်။ ထို့ကြောင့် ကုန်သေတ္တာတင်ကားများ ငှားရမ်းခလည်း ပိုမိုကုန်ကျကြောင်း ၎င်းကပြောသည်။ ကုန်သေတ္တာများအတင်အချပြုလုပ်ခြင်းမှာ တစ်ရက်အတွင်း မပြီးစီးပါက ကုန်သေတ္တာတင်ကား မောင်းသူများကို ညအိပ်ရက်ကျော်ကြေး
ပေးရသည် ဟုဆိုသည်။ ကုန်သေတ္တာတစ်လုံးသယ်ယူပို့ဆောင် ရန်ကားငှားရမ်းခစရိတ်ကပုံမှန်ကျပ် နှစ်သိန်းခွဲ၊သုံးသိန်းခန့်ကုန်ကျပြီး နှစ်ရက်ခန့်ကြာ၍ ညအိပ်ရက်ကျော်ကြေးများ ပေးရလျှင် လေးသိန်းခွဲမှ ငါးသိန်းအထိ ကုန်ကျနိုင်ကြောင်း ၎င်းကပြောသည်။

‘‘ညဘက်ပဲသွားရတဲ့အခါကျ တော့ ကားတွေက ကုန်တင်ပြီး ဆိပ်ကမ်းကိုလာလို့မရတော့တာ။ ကွန်တိန်နာထားတဲ့နေရာကနေ ကားကထွက်လို့မရတော့တာတွေ ကြောင့် ဒီနေ့လုပ်ရမယ့်အလုပ်ကို နောက်နေ့ရွှေ့ရတာမျိုးတွေ
ရှိလာတယ်။ အလုပ်တွေက ကျပ်ကုန်တဲ့ အခါကျတော့ ကားတွေကငှားရ တာခက်တယ်။ ငှားရတာခက် တော့ ငှားခတွေလည်းတက်ကုန် တာပေါ့’’ဟု Union Power Logistics ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ကိုတေဇာထွန်း
ကပြောသည်။

ထို့ကြောင့်ပို့ကုန်သွင်းကုန် လုပ်ငန်း လုပ်ကိုင်ရာတွင် ကုန်ကျ စရိတ် ယခင်ထက်ပိုမိုများပြားလာ စေသလိုကုန်သွယ်ရေးနှင့်ဆက် စပ်လုပ်ကိုင်သော လုပ်သားများကို ပါအခက်တွေ့လာစေသည်ဟုဆိုသည်။

 ထို့အပြင် နိုဝင်ဘာတွင် ပြောင်းလဲကျင့်သုံးခဲ့သည့်  မြန်မာ့ အလိုအလျောက် ကုန်စည် ရှင်း လင်းရေးစနစ် (MACCS) ကြောင့် လည်း ကုန်သွယ်မှုလုပ်ငန်းများ ကြန့်ကြာမှုလည်းရှိနေသည်။ အ ဆိုပါစနစ်သည် အွန်လိုင်း
ကုန်စည်ရှင်းလင်းရေးစနစ် ဖြစ်သော် လည်း လက်ရှိတွင် လုပ်ငန်းစဉ် တစ်ခုလုံးကို အွန်လိုင်းမှ ဆောင် ရွက်နိုင်ခြင်းမရှိသေးဘဲ ဆိပ်ကမ်း နှင့် အကောက်ခွန်ရုံးများသို့သွား၍ စာရွက်စာတမ်းများဖြင့် လုပ်ကိုင် နေရသည့် အဆင့်များလည်းရှိနေ ၍ ကြန့်ကြာမှုများရှိနေသေး ကြောင်း မြန်မာနိုင်ငံ ရေထွက် ပစ္စည်း ထုတ်လုပ်သူများနှင့်ပို့ကုန် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောသည်။

  အွန်လိုင်းစနစ်ဖြစ်သော် လည်း အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများကို ရုံးခန်းအတွင်းထိုင် ကာ လုပ်ကိုင်၍ မရဘဲ တင်ပို့မည့် ကုန်သေတ္တာများကို ဆိပ်ကမ်းသို့ နှစ်ရက်ခန့် ကြိုတင်ပို့ထားပြီးမှ စနစ်စတင် အသုံးပြု
နိုင်ကြောင်း ၎င်း က ပြောသည်။ ထို့ကြောင့် အချိန် ပိုမိုကြာမြင့်နေကြောင်း ၎င်းက ဆိုသည်။

အကောက်ခွန်ဦးစီးဌာနက လည်း ၎င်းတို့ အကောင်အထည် ဖော်ဆောင်ရွက်သည့် MACCS စနစ်ကြောင့် လက်ရှိတွင် ကုန် သွယ်မှုများ ကြန့်ကြာမှုရှိနေ ကြောင်း ၀န်ခံထားသည်။ သို့သော် ယင်းစနစ်ဖြင့် အသားကျသွားလျှင် ကုန်သွယ်မှုများ မြန်ဆန်လာမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာန၊ MACCS ဌာနခွဲ ညွှန်ကြား ရေးမှူး ဦးဝင်းသန့်က ပြောသည်။

သို့သော် လုပ်ငန်းရှင်များ စိုး ရိမ်ကြသည့်အချက်မှာ မကြာမီ ရောက်ရှိလာတော့မည့် ကုန်သွယ် ရေးလုပ်ငန်းများပြားသည့် ရာသီ အတွင်း လက်ရှိကြုံတွေ့နေရ သော  ကြန့်ကြာမှုများ ပိုမိုဆိုးရွား လာမည့်အရေးကို စိုးရိမ်
နေခြင်း ဖြစ်သည်။

‘‘အများကြီး နှောင့်နှေးမှုတွေ ဖြစ်မယ်။ အခုချိန်မှာ သိပ်မသိသာ သေးတာက ဒီအချိန်က ရာသီချိန် မဟုတ်သေးဘူး။ အခုက တင်ပို့ နေတာက ပဲလေးနည်းနည်းပါးပါး ပဲရှိတယ်။ အဓိက အထည်ချုပ် လေးတွေရှိတယ်။ သကြား
တစ်ဆင့် ပြန်တင်ပို့တာလေးတွေပဲရှိ တယ်။ ဒါလောက်လေးပဲရှိတယ်။ ကျန်တဲ့ လယ်ယာထွက်ကုန်တွေမ ရှိသေးဘူး။ ကြက်သွန်တွေ၊ ပဲမျိုး စုံတွေမရှိသေးဘူး။ ဆန်ကလည်း ပေါ်ခါစ အသစ်ဆိုတော့ တင်လို့ မရသေးဘူး။ တကယ့်ရာသီချိန် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီဆိုရင် အခု လုပ်ထားတဲ့ဟာတွေက အဲဒီအ ချိန်ကျမှ ပြဿနာတွေက ပေါ်လာ မှာ’’ဟု ဒေါ်ထူးထူးလတ်က ပြော ကြားသည်။

 ပြီးခဲ့သည့်နှစ်ကလည်း သင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီ အတွင်းကစပြီး ဆိပ်ကမ်းများတွင် ကုန်သွယ်ရေးကြန့်ကြာမှုများ ဆိုး ရွားစွာဖြစ်ပေါ်ခဲ့သည်။ ဆိပ်ကမ်း များတွင် ကုန်သေတ္တာများ ထား စရာနေရာမရှိအောင် ပြည့်ကျပ် လာခြင်း၊ ပို့ကုန်၊ သွင်းကုန်များ စု ပုံများပြားလာခြင်းတို့ကြောင့် ဆိပ် ကမ်းလုပ်ငန်းစဉ်များ အချိန်ကြာ မြင့်စွာ စီတန်းစောင့်ဆိုင်းရခြင်း များ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်များ အတွင်း လုပ်ငန်းများရပ်နားထား ရ၍ ရုံးပြန်ဖွင့်ချိန်တွင် ပို့ကုန်၊သွင်းကုန်လုပ်ငန်းများ စုပြုံများပြားလာခြင်းနှင့် သကြားများကို ပြည်ပမှ တင်သွင်းပြီး တရုတ်နိုင်ငံသို့ တစ်ဆင့်ပြန်လည် တင်ပို့ခွင့်
ပြုခြင်းတို့ကြောင့် ယင်းကဲ့သို့ ကြန့်ကြာမှုများဖြစ်လာကြောင်း လုပ်ငန်းရှင် များက ပြောသည်။

ထို့ကြောင့်ယခုအခြေအနေ ဖြင့် ကုန်သွယ်ရေးလုပ်ငန်းအများ ဆုံးရောက်သောအချိန် ရောက် လာလျှင် လုပ်ငန်းများ ကြန့်ကြာ ပြီး ကုန်သွယ်ရေးကိုပင် ထိခိုက် စေမည့်အရေးအတွက် အစိုးရက ကြိုတင်  စဉ်းစားပြင်ဆင်
သင့် ကြောင်း ၎င်းတို့က ပြောသည်။

 ‘‘ကိုယ်ကျိုးပါနည်းမှာ။ နောက်ဆုံးကျ ဒီအကျပ်အတည်း ကြီးက ရပ်တန့်သွားတဲ့အထိဖြစ် သွားလိမ့်မယ်။ လှုပ်လို့မရ၊ ပြုလို့ မရနဲ့။ အဲဒီကြားထဲကမှ မြွေပူရာ ကင်းမှောင့်က Re export တွေက လည်း ရှိတယ်။ Re export သွင်းတဲ့ သူတွေက အခုတရုတ်နယ်စပ်က အဆင်မပြေ  သေးဘူးဆိုတော့ တရုတ်ကို ပို့လို့မရဘူး။ မရတော့ ဘယ်မှာထားမလဲဆိုရင် သူတို့ရဲ့ သိုလှောင်ရုံတွေမှာထားရတယ်။  သူတို့မှာလည်း သိုလှောင်ရုံတွေက မရှိဘူး။ အဲဒီတော့
ဆိပ်ကမ်းထဲမှာ ပဲထားတယ် နဂိုကတည်းက ကျပ် ညပ်နေတာကို ဆိပ်ကမ်းထဲမှာ ထပ်ထားရင် ရွှေ့လို့ပြုလို့မရဘူး ဖြစ်သွားမယ်’’ဟု ကိုတေဇာထွန်း က ပြောသည်။

 ယခုနှစ်ပို့ကုန်တင်ပို့မှုများ သည် ရာသီတွင် ကုန်သွယ်ရေး လုပ်ငန်းများ ကြန့်ကြာမှုရှိ၊ မရှိသည် ပို့ကုန်များကို နိုင်ငံခြားဝယ်လိုအားရှိ၊ မရှိနှင့် သက်ဆိုင်ကြောင်း ပဲ၊ နှမ်းလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ
မြတ်စိုးက ပြောသည်။

‘‘မနှစ်ကတော့ အရောင်းအ ၀ယ်ကောင်းတယ်။ နိုင်ငံခြားဝယ် လိုအားကောင်းတဲ့အခါကျတော့ အဲဒီလိုပဲဖြစ်တယ်။ သင်္ကြန်ပိတ်ရက်ကလည်း ရှည်တယ်။  သင်္ကြန် ပိတ်ရက်မှာ အလုပ်လုပ်ပေးနိုင်ရင် နည်းနည်းအဆင်ပြေမယ်။ တစ် လစာကို နှစ်ပတ်လောက်နဲ့ လုပ် တော့ ကြန့်ကြာတာပေါ့။ အဲဒီချိန် မှာလည်း ၀ယ်လိုအားကလည်း ကောင်းတော့ ကြန့်ကြာတာပေါ့။ ဒီနှစ်ကတော့ ၀ယ်လိုအားကို စောင့်ကြည့်ရမယ်’’ဟု ဒေါက်တာ မြတ်စိုးက ပြောသည်။

 ကုန်သေတ္တာတင်ယာဉ်များ ကို ညဘက်သာ မောင်းနှင်ခွင့်ပြု ခြင်းကြောင့် သယ်ယူပို့ဆောင်ရန် အချိန်မလုံလောက်မှု၊ ကားမလုံ လောက်မှုနှင့် သယ်ယူစရိတ်များ မြင့်တက်လာခြင်းက လတ်တ လောကုန်သွယ်ရေးတွင် ရင်ဆိုင်
နေရသည့် အခက်အခဲများဖြစ် ကြောင်း Via Logistics ကုမ္ပဏီမှ ကိုနေစေးက ပြောသည်။ ပုံမှန် အချိန်များ၌ပင်  ကုန်သေတ္တာတင် ယာဉ်လိုအပ်ချက်များဖြစ်ပေါ်နေ ရာ  ပို့ကုန်လုပ်ငန်းများ  များလာ ချိန်တွင် ညဘက်မောင်းနှင်
ရမည်ဆိုလျှင် ယာဉ်လိုအပ်ချက်ပိုဖြစ်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

‘‘လတ်တလောအနေနဲ့တော့ မသိသာသေးဘူး။ ရာသီအချိန် (ပို့ ကုန်၊ သွင်းကုန်များသောကာလ) ရောက်ပြီဆိုရင်တော့ ခက်ခဲလာ မယ်’’ဟု ပြည်ပသို့ ပဲမျိုးစုံတင်ပို့နေ သည့် လုပ်ငန်းရှင် ဦးမင်းကိုဦးက ပြောသည်။

အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့နေသည့် မတ်ပဲနှင့် ပဲတီစိမ်း သည် ဖေဖော်ဝါရီ၊ မတ်လတွင် အသစ်ပေါ်လေ့ရှိပြီး ယင်းအချိန် ၌ တစ်လလျှင် ပြည်ပသို့ တန်ချိန် တစ်သိန်းခွဲခန့် တင်ပို့ရသဖြင့် အခက်အခဲဖြစ်လာနိုင်သည်ဟု ဦးမင်းကိုဦးက ဆိုသည်။

ယခင်နှစ်က ဆိပ်ကမ်းများ ကျပ်တည်းမှုမှာ သကြားကွန်တိန် နာအများအပြားဝင်ရောက်လာ ခြင်းနှင့် ကုန်သေတ္တာအလွတ်များ ဆိပ်ကမ်းတွင် စုပြုံကျပ်တည်းမှု များကြောင့် ဆိပ်ကမ်းလုပ်ငန်း စဉ်များ မနိုင်မနင်းဖြစ်ကာ ကြန့် ကြာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် များက ပြောသည်။ ထို့ကြောင့် ဆိပ်ကမ်းများ၏ စက်ကိရိယာများ နှင့် ဆိပ်ကမ်းအကျယ်အ၀န်းတိုး ချဲ့ခြင်း၊ ကုန်သေတ္တာထားနိုင် သည့် နေရာအကျယ်အ၀န်းများ ဖန်တီးခြင်းတို့ ပြုလုပ်
သင့်ကြောင်း ကိုတေဇာထွန်းက အကြံပြုသည်။

‘‘ဆိပ်ကမ်းထဲမှာရှိတဲ့ ကိရိ ယာတွေမလုံလောက်တာရှိတယ်။ ကွန်တိန်နာအတင်အချလုပ်တဲ့ စက်တွေ  မလုံလောက်တာဖြစ် တယ်။ ၈၀ ရာခိုင်နှုန်းသော ဆိပ် ကမ်းတွေမှာ ကျွန်တော်တို့ နေ့လယ်က တန်းစီရင် ညဘက်မှ ကွန်တိန်နာတင်လို့ရတယ်။ တန်းစီနေရတယ်။ ကွန်တိန်နာအပြီးတင်ဖို့က တစ်ရက်လောက်အချိန် ယူနေရတယ်’’ဟု ၎င်းကပြောသည်။

နိုင်ငံတကာတွင် ဆိပ်ကမ်း တစ်ခုလျှင် သတ်မှတ်ဧရိယာနှင့် သင်္ဘောကပ်နိုင်မှုကို သတ်မှတ် ချက်ရှိသော်လည်း မြန်မာနိုင်ငံ၌ ယင်းကဲ့သို့ သတ်မှတ်ချက်မရှိဘဲ ဆိပ်ကမ်းလုပ်ကိုင်ခွင့်ပြုထားခြင်းကြောင့် ဆိပ်ကမ်းများ၏ လုပ်ကိုင်နိုင်စွမ်း နိမ့်ကျနေကြောင်း ကိုတေဇာထွန်းကပြောသည်။

 ပဲ၊ နှမ်းလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမြတ်စိုးကလည်း ပို့ကုန် များပိုမိုတိုးချဲ့တင်ပို့နိုင်ရန်မှာဆိပ် ကမ်းများ၏ အခြေခံအဆောက် အအုံများ တိုးချဲ့နိုင်ရန်လိုအပ် ကြောင်း အကြံပြုပြောကြားသည်။ သို့သော်ဆိပ်ကမ်းများ တိုးချဲ့ရန် အချိန်တိုနှင့်မပြီးနိုင်၍ ကာလတိုဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာထားရန်လိုအပ်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ အထွေထွေမန်နေဂျာ ဦးမျိုး ငြိမ်းအေးက ဆိပ်ကမ်းများတွင် လိုအပ်သည့် စက်ကိရိယာများ ဖြည့်တင်းမှုကို လုပ်ဆောင်နေ သည်ဟုဆိုသည်။ ထို့အပြင် ကုန် သေတ္တာအလွတ်များ ဆိပ်ကမ်း တွင် ပုံမနေစေရန် ကုန်သေတ္တာ အလွတ်များထားရှိနိုင်မည့် နေရာ လေးခုကို လုပ်ကိုင်ခွင့်ချထား ကြောင်း၊ ယခုလကုန်တွင် နေရာ အချို့၌ ကွန်တိန်နာအလွတ်များ စတင်ထားလာနိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ယခင်နှစ်များက ဖြစ်ရပ်များကို အတွေ့အကြုံယူ၍ ဌာနဆိုင်ရာများက ကြပ်မတ်လာသဖြင့် ယခုနှစ်တွင်အလားတူ ကျပ်တည်းမှုမျိုးမဖြစ်နိုင်ကြောင်း ဦးမျိုးငြိမ်းအေးကပြောသည်။

‘‘ဒီနှစ်မှာတော့ အဲဒီအခြေအ နေမျိုးနဲ့ အဲဒီပုံစံမျိုးတော့ ပေါ်နိုင် မှာမဟုတ်ပါဘူး။ အဲဒီလိုမဖြစ် အောင်လည်း ကြပ်မတ်ထားတာ တွေအများကြီးရှိပါတယ်။ ဆိပ် ကမ်းထဲမှာ မလိုအပ်ဘဲနဲ့ ကုန် သေတ္တာတွေအကြာကြီးမထားဖို့ တို့၊ ဘာတို့ ရှိတဲ့အတွက် မနှစ်က လို အခက်အခဲမျိုးတော့ တွေ့ မယ်လို့ မယူဆပါဘူး’’ဟု ၎င်းက ပြောသည်။

ပြင်ပတွင် ကုန်သေတ္တာ များထားရှိရန် ဂိုဒေါင်ငှားရမ်းခ သည် ဆိပ်ကမ်းတွင်ထားသဖြင့် ပေးရသည့် ဒဏ်ကြေးထက် များ နေ၍ အပြင်သို့မထုတ်ဘဲ ဆိပ် ကမ်းကို ဂိုဒေါင်သဖွယ် အသုံးပြု မှုများမပြုလုပ်ရန်လည်း လုပ် ငန်းရှင် များအား ပြောကြားထား ကြောင်း ၎င်းကပြောသည်။ ကုန် သွယ်မှုများတိုးတက်လာရန်မှာ ဆိပ်ကမ်းများတိုးချဲ့ရန် လိုအပ်နေ  ၍ တွက်ချက်မှုများပြုလုပ်ကာ တည်ဆောက်ခြင်း၊  တိုးချဲ့ခြင်း များ လုပ်ဆောင်နေကြောင်း၎င်းက ဆိုသည်။ ထို့ကြောင့် သီလ၀ါ ဆိပ်ကမ်းတွင် ၂၀၁၈ နှစ်ကုန်ပိုင်း ၌ ကုန်သေတ္တာထားနိုင်သည့် ဆိပ် ကမ်းတံတားလေးခုခန့် တိုးလာ မည်ဖြစ်ကြောင်း ဦးမျိုးငြိမ်းအေး ကဆိုသည်။

လာမည့် ပို့ကုန်များပြားသည့် အချိန်တွင် ကုန်သွယ်ရေးလုပ်ငန်း များ ကြန့်ကြာမှုမရှိစေရန် ကုန် သေတ္တာတင်ယာဉ်များကို မောင်း နှင်ခွင့်ပြုသည့်အချိန်ကို တိုးမြှင့် ပေးသင့်ကြောင်း ဒေါ်ထူးထူးလတ် ကအကြံပြုသည်။ အများပြည်သူ ရုံးဆင်း ရုံးတက်ချိန်များကို ပိတ် ထားပြီး ကျန်သည့်နေ့ခင်းအချိန် များ၌လည်း မောင်းနှင်ခွင့်ပြုသင့် ကြောင်း ၎င်းကအကြံပြုသည်။

Sources : 7 Day

No comments:

Post a Comment