Latest News

Monday, December 19, 2016

ရခိုင်အရေး အချိန်ပေးရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ရခိုင်အရေး အချိန်ပေးရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ြေေပြောကြား


ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အရေး အစိုးရ၏ ကြိုးပမ်း အားထုတ်မှု အသီးအပွင့် ရလဒ်များ ရရှိလာစေရန်မှာ သင့်တင့်လျောက်ပတ်သော အချိန်နှင့် လုပ်သာ ကိုင်သာရှိမှု အခြေအနေများ လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန် ပူးတွဲ ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရှုပ်ထွေးသော အခြေအနေများကို ဖြေရှင်းရန် အစိုးရက အထူးအလေးထား  ဆောင်ရွက်နေကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းအစည်းအဝေးတွင် အဓိက အကြောင်းအရာ နှစ်ခုကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အနေနှင့် ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို အာဆီယံ၌ ပုံမှန် တင်ပြသွားရန်နှင့် ရခိုင်ပြည်နယ်အတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကို ပေးအပ်သွားရန်တို့ကို ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး Retno Marsudi က အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။

“အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအတွက် ထောက်ပံ့မှုကို ပြုလုပ်ဖို့ မြန်မာအစိုးရကို ကမ်းလှမ်းခဲ့ပါတယ်။ ဒါက မြန်မာ အစိုးရကို ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ အကူအညီ ပေးအပ်သွားရန် အသင့် ဖြစ်နေဖို့နဲ့ တကယ်တမ်း ဘာတွေ ဖြစ်နေလဲဆိုတာ နားထောင်ဖို့ အာဆီယံ မိသားစုဝင် အချင်းချင်း အတူရှိနေတာပါ”ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း (မောင်တော) တွင် ဘင်္ဂါလီများကို လူမျိုးတုန်း သတ်ဖြတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်နေကြောင်း မလေးရှား ဝန်ကြီးချုပ်၏ ဦးဆောင် ဆန္ဒပြမှုပြုလုပ်ပြီးနောက် ယင်းအစည်းအဝေးကို ပြုလုပ်ရန် မြန်မာအစိုးရက စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အစည်းအဝေး၌ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသည်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရှင်းလင်း ပြောကြားခဲ့သည်ကို နားထောင်ခဲ့ရပြီး မြန်မာအစိုးရ အနေနှင့် ရခိုင်ပြည်နယ် ပြဿနာကို အကောင်းမွန်ဆုံး ကိုင်တွယ်နေသည်ကို မြင်တွေ့ရကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kantathi Suphamongkhon က ပြောကြားသည်။

လက်ရှိတွင် မြန်မာအစိုးရ အနေနှင့် ရခိုင်ပြည်နယ် ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဟန်ချက်ညီညီ ဖြစ်အောင် ကိုင်တွယ်နေရပြီး အစိုးရ အနေနှင့် အကောင်းဆုံး ကိုင်တွယ် သွားနိုင်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

မလေးရှားနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ရခိုင်ပြည်နယ်နှင့် ပတ်သတ်သည့် စွပ်စွဲချက်များ မှန်ကန်မှု မရှိကြောင်း  မြန်မာအစိုးရက တုံ့ပြန်ထားပြီး ပြီးခဲ့သည့် ရက်ပိုင်းက ပြည်တွင်း/ပြည်ပ မီဒီယာများ ပါဝင်သည့် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့ အနေနှင့် မောင်တောဒေသသို့ ကွင်းဆင်း၍ သတင်းယူခွင့်ပြုထားသည်။

J-08

SOURCES THE VOICE

No comments:

Post a Comment