Latest News

Wednesday, December 14, 2016

လူကြီးလူကောင်းတွေ တက်ရတဲ့ လွှတ်တော်ဆိုတော့ ဒီလိုဒီလိုတွေ သတိပေးနေရပါတယ်

လူကြီးလူကောင်းတွေ တက်ရတဲ့ လွှတ်တော်ဆိုတော့ ဒီလိုဒီလိုတွေ သတိပေးနေရပါတယ်

လည်ကတုံးအဖြူမ၀တ်သည့်ကိုယ်စားလှယ်ကို ပြည်သူ့လွှတ်တော်ဥက္ကဌ ပြင်းထန်စွာ သတိပေး

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လည်ကတုံးအဖြူရောင်
အင်္ကျီမဝတ်ဆင်သည့် ဒီပဲယင်းမဲဆန္ဒနယ်
ကိုယ်စားလှယ်ဦးဝင်းမြင့်အောင်ကို လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြင်းထန်စွာ သတိပေးလိုက်သည် ။

" စည်းမျဉ်းစည်းကမ်းကို လိုက်နာပါ။ ကျွန်တော်တို့သတ်မှတ်ထားတာ
လည်ကတုံးအဖြူ ဖြစ်ပါတယ်။

ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောမယ်။ နောက်ဆိုရင် ဆွေးနွေးခွင့်
ပိတ်ချင် ပိတ်မယ်။ လွှတ်တော်တက်ခွင့် ပိတ်ချင်လည်း ပိတ်မယ် ''
ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၁၄ရက်နေ့ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်အောင်က
လည်ကတုံးအပြာရောင်အင်္ကျီကို ၀တ်ဆင်တက်ရောက်ခဲ့
သည့်အတွက် ယခုကဲ့သို့ သတိပေးခံခဲ့ရခြင်းဖြစ် သည်။

" ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးအပုပ်မခံနိုင်ပါဘူး။
အဲဒါမြဲမြဲသတိထားပါ။ ကျွန်တော် သတိပေးပါတယ် " ဟု ၎င်းက ပြောသည် ။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်သည် ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင်လည်း
လွှတ်တော်ခေတ္တရပ်နားအပြီး ပြန်လည်စတင်ချိန်တွင်
လွှတ်တော်ထဲသို့ အ၀င်နောက်ကျသော
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အချို့နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားအချို့ကို
သတိပေးခဲ့ဖူးပြီး တတိယပုံမှန်အစည်းအဝေးကာလတွင်လည်း
ဆွေးနွေးနေစဉ်လက်ခုပ်တီးခဲ့သော လွှတ်တော်ကိုယ်စားလှယ်
အချို့ကိုလည်း သတိပေးခဲ့ဖူးသည်။

စိုင်းလမင်း

============

Popular News Journal

နေပြည်တော် ၊ ဒီဇင်ဘာ ၁၄
Photo - MOI

No comments:

Post a Comment