Latest News

Tuesday, December 27, 2016

၂၀၁၇ မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေဆရာစံဇာဏီဘိုဘာဟောသလဲ

၂၀၁၇ မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေဆရာစံဇာဏီဘိုဘာဟောသလဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အကြီးအကဲတွေအတွက် ၂၀၁၇ ခုနှစ်မှာ ကျန်းမာရေး နဲ့ ပါတ်သတ်ပြီး ကောင်းခြင်း တွေ ဖြစ်ထွန်းစေ မယ့် နှစ်သစ် ဖြစ်ပါတယ်လို့ နက္ခတ်ဗေဒင် ပညာရှင် စံဇာဏီဘိုက ကြိုတင် ဟောကိန်း ထုတ်ပါတယ်။

“နိုင်ငံတော် အကြီးအကဲ ကျန်းမာရေးမှာ တစ်အချက် ဘယ်သူမှ အသက် အန္တရာယ် မရှိသေးဘူး အဲဒါကတော့ လာမည့်နှစ် ၂၀၁၇ မှာ နိုင်ငံတော်အကြီးအကဲနဲ့ ပါတ်သတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်ကိုယ်အနေအထားကို ကြည့်မယ်ဆိုရင်လည်း သူ့မွေးနေ့ ကျော်သွားပြီးရင်လည်း ကျန်းမာရေးပိုကောင်းလာစရာ ရှိတယ် အနေအထားလည်းကောင်းတယ် လုပ်ကြံသတ်ဖြတ်မူ နဲ့ ပါတ်သတ်တဲ့ သဘာဝလည်းမရှိဘူး လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှတ်အသားတွေလည်းမရှိပါဘူး” လို့ ဆရာစံဇာဏီဘိုကပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်း မှာ ဗြိတိန်နဲ့ အမေရိကန် ခရီးစဉ် ကပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးနဲ့ ပါတ်သတ်ပြီး ပြည်သူတွေ အထူး စိုးရိမ်ခဲ့ရပါသေးတယ်။

ဆရာစံဇာဏီဘို ရဲ့ ဟောပြောချက်တွေအရ ၂၀၁၇ မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မူ မှာ အမျိုးသမီး ခေါင်းဆောင် ဦးဆောင်နေတာကြောင့် ပိုမိုအားကောင်းလာနိုင်တယ်လို့ဆိုထားပါတယ်။

Sources; ကိုသက်ဖြိုး ကိုမျိုးခိုင် kumudra

No comments:

Post a Comment