Latest News

Saturday, December 10, 2016

၂၀၁၈-၁၉ ဘောလုံး ရာသီတွင် ချန်ပီယံ လိဂ်ပွဲစဉ်များ ကစားချိန် ပြောင်းလဲမည်

၂၀၁၈-၁၉ ဘောလုံး ရာသီတွင် ချန်ပီယံ လိဂ်ပွဲစဉ်များ ကစားချိန်ြေေပြောင်းလဲမည်

နိုင်ယွန်၊ ဒီဇင်ဘာ ၁၀

ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်အေ)သည် ချန်ပီယံ လိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားသည့် အချိန်များကို လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီမှ စတင်၍ ပြောင်းလဲ သတ်မှတ်သွားတော့မည်ဖြစ်ကာ ယင်းသို့ စီမံလိုက်သည်မှာ ချန်ပီယံလိဂ် ပွဲစဉ်များကို ပရိသတ်များ ပိုမို ကြည့်ရှု အားပေးနိုင်စေရန်အတွက် ဖြစ်သည်ဟု ယူအီးအက်ဖ်အေက ရှင်းလင်း ပြောကြားထားကြောင်း BBC က ဖော်ပြထားသည်။

ယူအီးအက်ဖ်အေသည် ၂၀၁၈-၁၉ ဘောလုံး ရာသီတွင် ချန်ပီယံ လိဂ်ပွဲစဉ်များကို အချိန်ကာလ နှစ်ခု ပိုင်းခြား၍ ကျင်းပသွားတော့မည်ဖြစ်ကာ ရှေ့ပိုင်းပွဲချိန်တွင် ပွဲစဉ် နှစ်ပွဲ ယှဉ်ပြိုင် ကစားသွားစေမည်ဖြစ်ပြီး နောက်ပိုင်း ပွဲချိန်တွင်မူ ပွဲစဉ် ခြောက်ပွဲ ကျင်းပသွားမည်ဟု ယူအီးအက်ဖ်အေက ထုတ်ပြန် ကြေညာထားသည်။

ယူအီးအက်ဖ်အေသည် ပထမပွဲစဉ် နှစ်ပွဲ စတင်ချိန်ကို မြန်မာ စံတော်ချိန် ည ၁၁ နာရီခွဲ (နွေယဉ်စွန်းတန်း စံတော်ချိန် ကုန်ဆုံးချိန်တွင်မူ တစ်နာရီ နောက်ဆုတ်ကာ နံနက် ၀၀း၃၀ နာရီသို့ ပြောင်းလဲသွားမည်ဖြစ်သည်) တွင် ကစားသွားစေမည်ဟု သတ်မှတ်ထားပြီး အခြားသော ပွဲစဉ် ခြောက်ပွဲကိုမူ မြန်မာစံတော်ချိန် နံနက် တစ်နာရီခွဲ (နွေယဉ်စွန်းတန်း စံတော်ချိန် ကုန်ဆုံးချိန်တွင်မူ တစ်နာရီ နောက်ဆုတ်ကာ နံနက် နှစ်နာရီခွဲသို့ ပြောင်းလဲသွားမည်ဖြစ်သည်)တွင် ဆက်လက် ကျင်းပသွားရန် ၎င်းတို့က ဆုံးဖြတ်ထားသည်။

ယူအီးအက်ဖ်အေသည် ဆွစ်ဇာနိုင်ငံ နိုင်ယွန်မြို့တွင် ကျင်းပခဲ့သည့် ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး၌ ယင်းဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ပြီး အဆိုပါ အချိန် ပြောင်းလဲသတ်မှတ်မှု အဆင်ပြေ၊ မပြေကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ရောက်ရှိချိန်တိုင်သည်အထိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်းလည်း ယူအီးအက်ဖ်အေက အသိပေးထားသည်။

ယူအီးအက်ဖ်အေသည် ယင်းဗဟို အလုပ်အမှုဆောင် အစည်းအဝေးပွဲတွင် ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကျင်းပမည့် ဘောလုံးကွင်းနှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲကျင်းပမည့် ဘောလုံးကွင်းများကို ရွေးချယ်ခဲ့သေးကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ယူကရိန်းနိုင်ငံ ကိဗ်မြို့ရှိ အိုလံပစ် ဘောလုံးကွင်းကလည်းကောင်း၊ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ရှိ စတိတ်ဒက်စ် လူမိုင်းရက်စ် ဘောလုံးကွင်းကလည်းကောင်း အသီးသီး အိမ်ရှင်ဖြစ်ခွင့် ရသွားခဲ့ကြသည်။

Sources ; UEFA & The Voice

No comments:

Post a Comment